နေကို၊ နိုဝင်ဘာ-၄
မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ပန်းမွှေ့ရာ ပူဇော်ပွဲ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ပန်းကလေးများ အဖွဲ့(ရန်ကုန်) အတွင်းရေးမှူး မမေသက်နှင်းက ပြောသည်။
နိုဝင်ဘာ(၁၇)ရက် ညနေပိုင်းတွင် မဟာမုနိ ဘုရားရင်ပြင်၌ ပန်းပွင့် အရေအတွက် (၁၀)သိန်းကျော်ဖြင့် ပန်းမွေ့ရာခင်းကာ ဆက်ကပ်ပူဇော်မည်ဖြစ်ပြီး Strategy First University က ဆရာ၊ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် အလှူရှင်များ စုပေါင်းဖွဲ့စည်းထားသော ပန်းကလေးများအဖွဲ့က ဦးဆောင်ကာ ဆကပ်ကပ်ပူဇော်မည် ဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ အတွင်းရေးမှုး ဦးကျော်ကျော်ဦးက ပြောသည်။
“ကျွန်တော်တို့ လက်ထက်မှာ ပန်းမွေ့ယာနဲ့ ဘုရားကြီး ကို လှုဒါန်းတာ ဒါက ပထမဆုံးအကြိမ်ပါ” ဟု ၎င်းက ဆိုသည်။

ပန်းကလေးများအဖွဲ့သည် ရွှေတိဂုံစေတီနှင့် ကျိုက်ထီးရိုးစေတီများ၌လည်း ပန်းမွေ့ယာဖြင့် ဆပ်ကပ် လှူဒါန်းပူဇော်ခဲ့ပြီး မန္တလေးမြို့ အထင်ကရ မဟာမုနိဘုရားကြီးတွင် ပန်းမွေ့ယာဆပ်ကပ်ပူဇော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ပန်းကလေးများအဖွဲ့ အတွင်းရေးမှူး မမေသက်နှင်းက ပြောသည်။
“မန္တလေးဆိုတာနဲ့ မဟာမုနိ ဘုရားကြီးကို မြင်မိတယ်။ ဘုရားကြီး မှာ ပူဇော်ချင်တယ် ဆိုတဲ့ စိတ်ဖြစ်တယ်။ တစ်ယောက်ချင်းစီ စုပြီး လှုဒါန်းဖြစ်တာပါ။ စုနိုင်တဲ့ ငွေအားလေးနဲ့ အများကောင်းမှုပါ” ဟု ၎င်းက ဆိုသည်။

မန္တလေး မဟာမုနိ ဘုရားကြီးတွင် ပန်းမွေ့ယာဆက်ကပ်ပူဇော်သည့် အစဉ်အလာ မရှိခဲ့ဘဲ ဘုရားပရဝုဏ် အတွင်းရှိ ရှင်မာလဲ ဘုရား၌ နှစ်စဉ် တန်ဆောင်တိုင်လပြည့်ညတွင် ကြာပန်းကပ်လှုပူဇော်ပွဲ (ကြာပစ်ပွဲ) ကျင်းပလေ့ရှိေကြောင်း မန္တလေးမြို့ခံများ က ပြောသည်။
မန္တလေးမြို့တွင် ပန်းမွေ့ရာ ပူဇော်ပွဲ ကျင်းပသော အစဉ်အလာရှိသည့် ဘုရားမှာ ချမ်းအေးသာစံမြို့နယ် ၅၆ လမ်း၊ လမ်း၃၀နှင့် ၃၅ လမ်းကြားရှိ မာရ်အောင်ရတနာ ဓါတုဃရ (ဝါခင်းကုန်း ဘုရား) ဖြစ်သည်။
.
.