မန္တလေးကျုံးဘေး မီးပွိုင့်တွင် ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးခဲ့သည့် ပြိုင်ကားဖြင့်တိုက်မှု ထောင်(၉)နှစ် ပြစ်ဒဏ်ချ

ဘုံကမ္ဘာထွန်း၊ အောက်တိုဘာ-၃၁

မန္တလေးကျုံးဘေး မီးပွိုင့်တွင် မီးနီနေချိန် ပြိုင်ကားက နောက်မှဝင်တိုက်၍ ဆိုင်ကယ်စီးလူငယ်နှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ပြိုင်ကားမောင်းသူကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်(၉)နှစ် ချခံစေရန် အောင်မြေသာစံမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ဆိုင်ကယ်စီးလူငယ်နှစ်ဦး သေဆုံးခဲ့သည့် အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ပြိုင်ကားမောင်သူဟု ဆိုသည့် ဖုန်းအရောင်းဆိုင်ဝန်ထမ်း အသက်(၂၆)နှစ်အရွယ် သန်းထက်အောင် ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၀၄(က)အရ အလုပ်နှင့်ထာင်ဒဏ် (၇)နှစ်နှင့် ပုဒ်မ ၂၇၉ အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်၊ သီးခြားစီ ကျခံစေရန် အောင်မြသစံမြို့နယ်တရားရုံးက ယနေ့ (အောက်တိုဘာ၃၁ရက်)တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ကားဖြင့် နောက်မှဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံရသည့် ယာဉ်မောင်းဆိုသူ သန်းထက်အောင်နှင့် သေဆုံးသူ၏ ဖခင်။ Photo – Min Maw (Mandalay In-depth News)

“ဥပဒေနဲ့အညီ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်လိုက်တာပါ”ဟု အောင်မြေသာစံမြို့နယ် တရားရုံး၊ တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဒေါ်မြင့်မြင့်ချစ်ကျော်က ပြောသည်။

တရားသူကြီးသည် တရားမျှတမှုရှိစွာ အမိန့်ချမှတ်ခဲ့သည့် အတွက် ကျေနပ်မှုရှိကြောင်း ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူ အသက်(၂၃)နှစ်အရွယ် ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုလွင်မင်းသန့်၏ ဖခင် ဦးအောင်စိုးမိုးက ပြောသည်။

ပြိုင်ကားဖြင့် နောက်မှဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံရသည့် ယာဉ်မောင်းဆိုသူ သန်းထက်အောင်နှင့် သေဆုံးသူ၏ ဖခင်။ Photo – Min Maw (Mandalay In-depth News)
ပြိုင်ကားဖြင့် နောက်မှဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံရသည့် ယာဉ်မောင်းဆိုသူ သန်းထက်အောင်နှင့် သေဆုံးသူ၏ ဖခင်။ Photo – Min Maw (Mandalay In-depth News)

၂၀၁၈ နိုဝင်ဘာ(၈)ရက် ည(၁၂)နာရီအချိန်ခန့်က မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း (၇၈)လမ်းနှင့် (၂၆)လမ်းထောင့် လမ်းဆုံမီးပွိုင့်တွင် မီးနီစောင့်ဆိုင်းနေသည့် ဆိုင်ကယ်ဖြင့် လူငယ်နှစ်ဦးကို (၇၈)လမ်းအတိုင်း မောင်းနှင်လာသည့် အနီရောင်ပြိုင်ကားတစ်စီးမှ နောက်မှဝင်တိုက်ခဲ့ရာ  အဆိုပါလူငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့အပြင် ပြိုင်ကားဝင်တိုက်သည့် အရှိန်ကြောင့် ယင်းမီးပွိုင့်ရှိ ယာဉ်ထိန်းရဲအဆောက်အဦးပါ ပျက်စီးခဲ့သည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှစ်ဦးမှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နေ အသက်(၂၃)နှစ်အရွယ် တက္ကသိုလ်ကျောင်းသားနှင့် အသက်(၂၆)နှစ်အရွယ် အမျိုးသားတို့ဖြစ်သည်။

ပြိုင်ကားဖြင့် နောက်မှဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံရသည့် ယာဉ်မောင်းဆိုသူ သန်းထက်အောင်နှင့် သေဆုံးသူ၏ ဖခင်။ Photo – Min Maw (Mandalay In-depth News)
ပြိုင်ကားဖြင့် နောက်မှဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံရသည့် ယာဉ်မောင်းဆိုသူ သန်းထက်အောင်နှင့် သေဆုံးသူ၏ ဖခင်။ Photo – Min Maw (Mandalay In-depth News)

ထိုသို့ ပြိုင်ကားကို အရှိန်ပြင်းစွာ မောင်းနှင်ပြီး လူနှစ်ဦး သေဆုံးသည်အထိ ယာဉ်တိုက်မှုကျူးလွန်ခဲ့သော ပြိုင်ကားမောင်းနှင်သူမှာ မန္တလေးမြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အသက်(၂၆)နှစ်အရွယ် သန်းထက်အောင် ဖြစ်ကြောင်းနှင့် ၎င်းမှာ သူငယ်ချင်း၏ ကားကို ခေတ္တငှားရမ်းကာ မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအမှုကို အချိန်တနှစ်နီးပါးအကြာ၊ ရုံးချိန်းပေါင်း(၃၀)ကျော် စစ်ဆေးခဲ့ပြီးနောက် ယနေ့ အပြီးသတ် အမိန့်ချမှတ်ခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် ယာဉ်တိုက်မှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ မကြာခနဖြစ်ပွားနေပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ မန္တလေးခရိုင် (၇)မြို့နယ်အတွင်း ယာဉ်တိုက်မှုကြောင့် လစဉ် လူဆယ်ဦးခန့် သေဆုံးလျှက် ရှိသည်။

ပြိုင်ကားဖြင့် နောက်မှဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံရသည့် ယာဉ်မောင်းဆိုသူ သန်းထက်အောင်နှင့် သေဆုံးသူ၏ ဖခင်။ Photo – Min Maw (Mandalay In-depth News)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်