မန္တလေးတွင် တိုက်ခန်းအတွင်း အနံ့စုပ်ထုတ်စက် တင်ဆင်ကာ မူးယစ်ဆေး သုံးစွဲနေသူများ ဖမ်းမိ

မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်၊ ၇၆လမ်းနှင့် ၃၇လမ်းအနီးရှိ တိုက်ခန်းလေးလွှာတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ မူးယစ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာမှ အမျိုးသားလေးဦးကို မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။