တရုတ်နဂါးခံတွင်း၀ သက်ဆင်းနေရသည့် မြန်မာ့ပန်းဖူးလေးများ

တရုတ်အမျိုးသား တစ်ဦးနှင့် (၇)လကြာ လက်ထပ်ပေါင်းသင်းခဲ့ရသည့် ရှမ်းတိုင်းရင်းသူလေး နန်း၏ အသွင်အပြင်က မူလတန်း ကျောင်းသူလေးနှင့် တူသည်။ ငယ်ရုပ်မပျောက်သေးဘဲ ပိန်လှီသော ကိုယ်ခန္ဓာနှင့် သေးသွယ်သော ခြေချောင်း၊လက်ချောင်းလေးများ ရှိသည်။