အဝေးပြေး ယာဉ်လိုင်းများတွင် ခရီးသည် လျှော့ပြီး ယာဉ်စီးခ နှစ်ဆမြင့်ရန် ညွှန်ကြား

အဝေးပြေး မော်တော်ယာဉ်လိုင်းများ အနေဖြင့် မတ်လ(၂၈)ရက်မှ စတင်ကာ ယာဉ်တစ်စီးလျှင် ခရီးသည် အရေအတွက် ထက်ဝက်လျှော့ချပြီး ယာဉ်စီးခ နှစ်ဆမြင့်တင်ကောက်ခံရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။