close

မြင်းခြံမြို့ရှိ စစ်တပ်ခြေလျင်တပ်ရင်း ဗုံးသီးချ တိုက်ခိုက်ခံရ

စစ်ခေါင်းဆောင် မြင်းခြံမြို့သို့ သွားရောက်အပြီး နောက်တစ်နေ့တွင် ခြေလျင်တပ်ရင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်။

မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ခြေလျင်တပ်ရင်း (ခလရ) ၁၅ တပ်ဝင်းအတွင်းကို ဒရုန်းဖြင့် မေလ ၃၁ ရက် နံနက်ပိုင်းက ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု မြင်းခြံခရိုင် PDF တပ်ရင်းများထံမှ သိရသည်။

အမှတ် (၁၅) ခြေလျင်တပ်ရင်းကို မြင်းခြံခရိုင် PDF တပ်ရင်းများနှင့် ဒရုန်းတပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ခရိုင်တပ်ရင်း (၃) ပြန်ကြားရေးတာဝန်ခံ ကိုပေါ့ဘာက ဆိုသည်။

ခလရ (၁၅) တပ်ဝင်းအတွင်းရှိ တပ်ရင်းမှူးနေအိမ်အနီးသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ လုံခြုံရေးယူနေသည့် စစ်သား ၁၀ ဦး သေဆုံးပြီး၊ ၈ ဦး ထိခိုက်ခဲ့သည်ဟု ၎င်းတို့၏ သတင်းရင်းမြစ်များကို ကိုးကားပြီး PDF က ဆိုသည်။

“အီနာဂါ ခြောက်လုံး ချနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ မြေပြင်သတင်းတွေအရ၊ ၁၀ ယောက် သေတယ်၊ ၈ ယောက် ဒဏ်ရာပြင်းထန်တယ်” ဟု ကိုပေါ့ဘာက ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

တိုက်ခိုက်မှုသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေသည့်အချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ စစ်ခေါင်းဆောင်သည် မြင်းခြံမြို့နယ်ရှိ အမှတ် (၁) သံမဏိစက်ရုံသို့ မေလ ၃၁ ရက်က သွားရောက်ခဲ့သည်။ နိုင်ငံ့ဘဏ္ဍာငွေ အများအပြား ဆုံးရှုံးနေသည့်အတွက် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့သည့် မြင်းခြံသံမဏိစက်ရုံစီမံကိန်းကို စစ်ခေါင်းဆောင်က ပြန်လည်လည်ပတ်ရန် ကြိုးစားခြင်းဖြစ်သည်။

ယင်းသို့ စမ်းသပ်လည်ပတ်သည့် ရက်ပိုင်းအတွင်းမှာပင် မိတ္ထီလာ၊ မန္တလေးတို့မှ စစ်သားအများအပြား မြင်းခြံသို့ ရောက်ရှိလာပြီး သံမဏိစက်ရုံ၏ ငါးမိုင်ပတ်လည်အတွင်းရှိ ကျေးရွာများကို လုံခြုံရေးတင်းကျပ်ခဲ့သည်။ ယနေ့ (ဇွန်လ ၂ ရက်) တွင် အဆိုပါ လုံခြုံရေးယူခဲ့ကြသည့် စစ်သားများ ပြန်လည်ထွက်ခွာသွားကြကြောင်း တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော်ပြင်ပ ခရီးထွက်သည့်အခါ နယ်မြို့များရှိ တပ်မိသားစုများနှင့် တွေ့ဆုံလေ့ရှိပြီး တပ်တွင်းစည်းလုံးမှုရှိရန် ဆော်ဩလေ့ရှိသည်။ မြင်းခြံမြို့ခရီးစဉ်တွင်မူ တပ်မိသားစုများနှင့် တွေ့ဆုံခြင်း မရှိခဲ့ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။

NUG တနင်္သာရီစစ်ဒေသတွင် အလှူငွေရှင်းတမ်း အငြင်းပွားမှုဖြစ်နေ

အသုံးစရိတ် ဘတ် ၂ သန်းအတွက် ရှင်းတမ်းလိုအပ်သည်ဟု တနင်္သာရီထောက်ပို့တာဝန်ခံက ဆိုသည်။ စစ်ဒေသတာဝန်ရှိသူတစ်ဦးကမူ လက်နက်ဝယ်စဉ်က ထိုငွေသုံးထားသည်ဟု ပြောသည်။

ကြာအင်းဆိပ်ကြီးကို KNU ဝင်တိုက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လေတပ်နှင့် လက်နက်ကြီး ပစ်ခတ်မှု ပါဝင်သည့် တိုက်ပွဲကြောင့် အရပ်သားများ ထိခိုက်သေဆုံးသည်ဟု သိရသည်။

စစ်ကောင်စီနှင့် တွေ့နေသော်လည်း ရပ်တည်ချက် ပြောင်းလဲမှုမရှိဟု AA ဆို

နွေဦးတော်လှန်ရေးကို အားပေးသည့် မြောက်ပိုင်း ၃ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှုမှာ ရလဒ်မည်သို့ရှိကြောင်း သုံးသပ်ရန် အချိန်စောသေးကြောင်း AA ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မြေရှားတူးဖော်မှုဆန့်ကျင်သည့် လူငယ် ၃ ဦးကို တစ်ပတ်ကြာ ဖမ်းပြီး KIA ပြန်လွှတ်

မြေရှားတူးဖော်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးထိခိုက်နိုင်သောကြောင့် မေလကုန်ပိုင်း၌ ကချင်ပြည်နယ်မြောက်ဖျားပိုင်းမှ ဒေသခံများ ဆန္ဒပြခဲ့ကြသည်။