အာဏာသိမ်းစစ်ကောင်စီ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သည့် စစ်ထဲမဝင်မနေရ ဥပဒေကြောင့် အိမ်နီးချင်းထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ မြန်မာလူငယ်များ အလုံးအရင်းထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ဆက်တိုက်ရှုံးနိမ့်နေပြီး စစ်သည်အင်အား အလွန်အမင်း လိုအပ်နေသည့် စစ်ကောင်စီက အရွယ်ရောက်သူများကို တပ်ထဲထည့်နိုင်ရန် လွန်ခဲ့သည့် ၁၄ နှစ်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလို လူငယ်အများအပြားက ပြည်ပထွက်ခွာရန် စီစဉ်လာကြရာ ရန်ကုန်မြို့ရှိ ထိုင်းနှင့် နိုင်ငံတကာသံရုံးအချို့တွင် ဗီဇာလျှောက်သူ၊ လေယာဉ်လက်မှတ်ဝယ်ယူသူအရေအတွက် သိသိသာသာများပြားလာကြောင်း ခရီးသွားအေဂျင်စီများ၊ ခရီးထွက်ရန် စီစဉ်သူများထံမှ စုံစမ်းသိရှိရသည်။ သတင်း၊ တင်ဆက် – ဟန်သစ်
Read Next
ဆောင်းပါး
February 17, 2024
အိမ်တံခါးဝရောက်လာသည့် စစ်မှုထမ်းဥပဒေ
သတင်း
February 16, 2024
စစ်ထဲမဝင်မနေရဥပဒေကြောင့် ပြည်ပသို့ ထွက်သွားရန် လူငယ်များပြင်ဆင်နေ
သတင်း
February 16, 2024
ဗိုလ်ချုပ်ကြီးများ၏ စစ်မှုထမ်းဥပဒေက လူငယ်များကို PDF ထဲ တွန်းပို့
ရုပ်သံသတင်း
February 14, 2024
စစ်မှုထမ်းဥပဒေဟာ စစ်တပ်အတွက် ‘ပေါ်တာဆွဲခွင့်လိုင်စင်’ လား
February 17, 2024
အိမ်တံခါးဝရောက်လာသည့် စစ်မှုထမ်းဥပဒေ
February 16, 2024
စစ်ထဲမဝင်မနေရဥပဒေကြောင့် ပြည်ပသို့ ထွက်သွားရန် လူငယ်များပြင်ဆင်နေ
February 16, 2024
ဗိုလ်ချုပ်ကြီးများ၏ စစ်မှုထမ်းဥပဒေက လူငယ်များကို PDF ထဲ တွန်းပို့
February 15, 2024
တိုင်းနှင့်ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စဖွဲ့၊ သောင်းချီခေါ်နိုင်
February 14, 2024



