ရုပ်သံသတင်း

လွိုင်ကော်မြို့ကို အပိုင်သိမ်းနိုင်ဖို့ ကရင်နီတော်လှန်ရေးတပ်တွေ ဆက်ကြိုးပမ်းမယ်

စစ်ဆင်ရေးစီမံချက်များ ပြန်လည်ပြင်ဆင်ပြီးနောက် ပြည်နယ်မြို့တော် ‘လွိုင်ကော်’ ကို စစ်ရေးအရ အပြီးသတ်သိမ်းယူရန် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဆက်လက်ကြိုးပမ်းနေသည်။ ‘၁ လေးလုံး’ စစ်ဆင်ရေးအမည်ဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က လွိုင်ကော်မြို့ရပ်ကွက်အများစုကို ၈ လကြာ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကြောင့် ယခုနှစ် ဇွန်လအတွင်း ပြန်လည် လက်လွှတ်ခဲ့ရသည်။ ယခုအခါ ၁ လေးလုံး စစ်ဆင်ရေးသည် ပြီးဆုံးသွားပြီ ဖြစ်ပြီး၊ တစ်နိုင်ငံလုံး၏ စစ်ဆင်ရေးနှင့် ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ရန် စစ်ဆင်ရေးအသစ်များ ဆက်လက်ဖော်ဆောင်သွားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ ဥက္ကဋ္ဌ လည်းဖြစ်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သူ ခွန်းဘီထူး က ပြောသည်။ လက်ရှိတွင် တိုက်ပွဲဖြစ်၊ ရေဘေးသင့်နေသော ကရင်ပြည်နီ၏ စစ်ရေး၊ တရားဥပဒေစိုးမိုးရေး အပါအဝင် အခြေအနေ အရပ်ရပ်ကို ခွန်းဘီထူး က ပြောပြထားသည်။ မေးမြန်း – စောရယ်

Show More

Related Articles

Back to top button