ရုပ်သံသတင်း

မြို့သိမ်းတိုက်ပွဲအပြီး ပင်လည်ဘူးမြို့ အခြေအနေ

စစ်တပ်က အကြိမ်ရေ ရာနှင့်ချီပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပင်လည်ဘူးမြို့သည် ယခုအခါ မြို့ပျက်ကြီးသဖွယ် ကြေမွ၊ ပျက်စီးနေသည်ကို ယခုရုပ်သံတွင် မြင်တွေ့ရသည်။ စစ်ကောင်စီ တပ်မတစ်ခုစာနီးပါး အင်အားဖြည့်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက လနှင့်ချီ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။  လူဦးရေ ၇၀၀၀ ခန့်နေထိုင်ရာ ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်တပ်က ၎င်းတို့၏ အားသာချက် ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုဖြင့် နှစ်လနီးပါးကြာ အပြင်းအထန်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးတွင် မြို့ကို လက်လွှတ်လိုက်ရသည်။  ကျားကုတ်ကျားခဲ ဖြတ်တောက်ပိတ်ဆို့ တိုက်ခဲ့ရသည့်တိုက်ပွဲဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများဘက်က ပြောသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၀၂ ဦး ရခဲ့ပြီး ထိုအထဲတွင် ရာထူးအမြင့်ဆုံးမှာ ဒုဗိုလ်မှူးကြီး တစ်ဦး ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁) စစ်ဒေသမှ ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးနှင့် ပင်လည်ဘူးတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက မြို့သိမ်းတိုက်ပွဲအခြေအနေကို ရှင်းပြထားသည်။

Show More

Related Articles

Back to top button