အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ယခင်အစိုးရလက်ခံခဲ့သည့် ဒုက္ခသည်များကို ထရမ့်အစိုးရပြန်စစ်ဆေးမည်ဟုဆို

၂၀၂၁ မှ ၂၀၂၅ အတွင်း  အမေရိကန်နိုင်ငံအတွင်း  ဝင်ရောက်ခွင့်ရခဲ့သည့်  ဒုက္ခသည်များအားလုံးကို ပြန်လည်စစ်ဆေးရန် အမေရိကန်အစိုးရက  အမိန့်ထုတ်ထားသည်ဟု သိရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (U.S. Citizenship and Immigration Services – USCIS) ၏ မှတ်တမ်းတစ်ခုတွင်လည်း အလားတူ ညွှန်ကြားထားသည်ကို တွေ့ရသည်ဟု  USA TODAY သတင်းတစ်ပုဒ်က ဆိုသည်။

ယခင်အစိုးရလက်ထက် ၂၀၂၁ ဇန်နဝါရီ ၂၀ မှ ၂၀၂၅ ဖေဖော်ဝါရီ ၂၀ ကြား  ပြည်ဝင်ခွင့်ရခဲ့သည့် ဒုက္ခသည်များအားလုံး၏ လျှောက်လွှာများကို ပြန်လည်စစ်ဆေးမည်၊ ထိုကာလ ပြင်ပ ဝင်လာသော    ဒုက္ခသည်များကိုလည်း ပြန်လည်စစ်ဆေးနိုင်သည်ဟု မှတ်တမ်းတွင် ဖော်ပြထားကြောင်း သတင်းတွင် တွေ့ရသည်။ 

ယခု အမေရိကန်ရောက် ဒုက္ခသည်များ ပစ်မှတ်ထားခံနေရသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးက တုံ့ပြန်သည်ကို မတွေ့ရသေးပေ။

 အမေရိကန်သည် ကမ္ဘာအရပ်ရပ်မှ  ဒုက္ခသည်များကို အရေအတွက် အများဆုံး လက်ခံသည့် နိုင်ငံကြီးဖြစ်သည်။   ဒုက္ခသည်တို့ကို   နိုင်ငံအနှံ့အပြား မြို့ကြီးမြို့ငယ်များ၊ အထူးသဖြင့် အိမ်ငှားရမ်းခ သက်သာသည့် ဒေသများတွင် နေရာချထားပေးလေ့ရှိပြီး နှစ်သက်ရာမြို့သို့ပြောင်းရွှေ့နေထိုင်ရန်လည်း ခွင့်ပြုထားသည်။

ဒုက္ခသည်များထဲတွင် မြန်မာပြည်မှ ထွက်ပြေးလာရသူများလည်း ပါဝင်သည်။

မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းထားသည့် ပြီးခဲ့သည့် ၅ နှစ်အတွင်း  လုံခြုံရေးအရ နေရပ်မပြန်နိုင်သေးသည့် မြန်မာပြည်သားများ အမေရိကန်ပြည်ထောင်စုတွင် ယာယီနေထိုင်ခွင့် ပေးထားခြင်းကိုလည်း ရုပ်သိမ်းမည်ဟု အမေရိကန်အစိုးရက နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ထားသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button