အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“စိတ်ဝိညာဉ်က ဗမာပြည်မှာကျန်ခဲ့တယ်” – နို့ဖိုးစခန်းက အမေ့လျော့ခံ ဒုက္ခသည်တွေ

အခုနှစ်ဆန်းက စတင်ပြီး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာရန်ပုံငွေတွေ မရနိုင်တော့ပါဘူး။ ‘နို့ဖိုး’ဒုက္ခသည်စခန်း အပါအဝင် ထိုင်းနယ်စပ်ကစခန်းတွေကို  နိုင်ငံအများစု က ယာယီအထောက်အပံ့နဲ့  အရေးပေါ်အကူညီတွေသာ  ပေးလေ့ရှိပေမဲ့လည်း အမေရိကန် တစ်ခုတည်းက နှစ်ပေါင်း ၅၀ ကျော်ကြာ စာနာမှုအကူညီတွေ ဒိုင်ခံပေးခဲ့တယ်လို့ ဒုက္ခသည်တွေဆီကနေ သိရပါတယ်။  

ဒုက္ခသည်စခန်း ၉ ခုအတွက် ကူညီထောက်ပံ့မှု ၆၀ ရာခိုင်းနှုန်းကို အမေရိကန်က ပေးတာဖြစ်ပြီး သမ္မတထရမ့် အစိုးရတက်လာပြီးတော့ ၂၀၂၅ ဩဂုတ်လနဲ့ စက်တင်ဘာလအတွက် စားနပ်ရိက္ခာ လျှော့ချခံရတယ်လို့ဒုက္ခသည်စခန်း တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ 

နေရပ်စွန့်ခွာခဲ့ရပြီး စခန်းတွေအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေဟာ ဘဝအတွက် မျှော်လင့်ချက်မဲ့မှု၊  အစားအစာအတွက် စိုးရိမ်ပူပန်ရမှု၊ စိတ်အလိုမကျမှုတွေ  ခံစားနေကြရပါတယ်။ 

ဒီအကြောင်းတရားတွေရဲ့  တရားခံဟာ  အာဏာရှင်စနစ်ကို လက်ဆင့်ကမ်းမွေးမြူ သယ်ဆောင်ခဲ့တဲ့  စစ်အာဏာရှင်လူတန်းစားတွေ ကြောင့်သာဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။ 

မအေးချမ်းတဲ့  တိုင်းပြည်ကို စွန့်ခွာပြီး ဒုက္ခသည်အဖြစ် တိုင်းတစ်ပါးမှာ နေထိုင်နေကြပေမဲ့ လည်း ဇာတိမွေးရပ်မြေကို အစဉ်သဖြင့် သတိရနေကြတယ်လို့လည်း ဆိုကြပါတယ်။ 

အောင်နိုင်၊ ကိုလှိုင်း/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button