Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ် ဆည်ဆင်း​​ရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးများကြဲချနေဟု ​ဒေသခံ​ပြော

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။

ဖားကန့်မြို့နယ်
ဖားကန့်မြို့နယ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်ဆင်း​​ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် အင်အားပြင်းဗုံးများ လာရောက်ကြဲချ တိုက်ခိုက်နေကြောင်း ဒေသခံများက ယနေ့နံနက်တွင် ​ပြောသည်။

“တခါ၊တခါ ချရင် ဗုံးလေးလုံးဗျ။ အင်အားတော်တော်ပြင်းတယ်။ အခုကို လာပစ်နေတာ”ဟု ဆည်ဆင်းရွာဒေသခံတစ်ဦးက ယနေ့(ဇူလိုင် ၁၈ရက်)နံနက် ၁၁နာရီခန့်တွင် ပြောသည်။

ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့် PDFက ဇူလိုင် ၁၄ရက်နှင့် ၁၅ရက်တွင် တိုက်ခိုက်ခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ် ပိတ်မိနေ၍ လေကြောင်းမှ လာရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

“မြေပြင်မှာ ပိတ်မိနေတဲ့ စခတွေက စစ်ကူတောင်းတာ။ မြေပြင်ကနေ လာမရတော့ လေကြောင်းကနေ လာတိုက်နေတာ။ အခုက ရွှေတွင်းတွေ၊ လူနေကျေးရွာတွေကို ဗုံးလိုက်ကြဲနေတာ” ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားများ ပုန်းအောင်းနေကြရသလို အများစုသည် မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။သို့​သော် အရပ်သား ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ယမန်နေ့(ဇူလိုင် ၁၇ရက်) ညနေတွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့(SNA) ပူးပေါင်းတပ်ဖွဲ့ဝင် ၂၀၀ခန့်က ဆယ်ဇင်းဘက်သို့ စစ်ကူအဖြစ် လာရောက်နေသည့် သတင်းများထွက်ပေါ်နေသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင် တို့တွင် လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။

သတင်း

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

သတင်း

နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

သတင်း

ပြီးခဲ့သည့် ဧပြီလကလည်း မတူပီမြို့အခြေစိုက်စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းမှ တပ်သားချစ်ကိုကိုနှင့် မုံရွာအခြေစိုက် ထပရ(၉၂၉)မှ တပ်သားဖြိုးမင်းတို့သည် သေနတ် သုံးလက်နှင့်အတူ CDM ပြုလုပ်ကာ မတူပီ CDFထံ အလင်းဝင်ခဲ့သည်။