Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူ PGCအဖွဲ့ ရဲဘော်ရှစ်ဦး တိုက်ပွဲတစ်ခုတွင် ကျဆုံး

‘ရဲဘော်တို့ လွတ်လပ်ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ တစ်ပင်လုံးဝေဖို့ တစ်တောလုံးမကြွေစေရ တစ်ပွင့်ကြွေခဲ့သည်ရှိသော် တစ်တောလုံးဝေရမည်’ဟု ကျန်ရစ်သူ People’s Guerillas Commando – Myinmu အဖွဲ့သားအားလုံးမှ ကတိသစ္စာ ပြုလိုက်ပါသည်ဟု ရေးသားထားသည်။

ကျဆုံးရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-PGC-MMU
ကျဆုံးရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-PGC-MMU

စစ်ကိုင်းတိုင်း၊ မြင်းမူအခြေစိုက် People’s Guerillas Commando – Myinmu အဖွဲ့မှ ရဲဘော် ရှစ်ဦး သြဂုတ် ၄ရက်က တိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့သည်။

People’s Guerillas Commando – Myinmu အဖွဲ့မှ ခေါင်းဆောင် ဗိုလ်ထိုက်ကြီး (ခ) က်ိုသိန်းထ်ိုက်၊ ရဲဘော် A19 (ခ) ကိုသူရိန် ၊ ရဲဘော် ကိုဖြိုး ၊ ရဲဘော် မိုဟိန်း (ခ) မျိုးမင်းဟိန်း ၊ ရဲဘော် မိုးဒီ (ခ) ကျောက်စိမ်း ၊ ရဲဘော် အောင်ဖြိုးမင်း ၊ ရဲဘော် ဖြိုးဝေကျော် ၊ ရဲဘော် ငယ်လေး (ခ) နိုင်ဇင်ဖြိုးတို့သည် သြဂုတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က သြဂုတ် ၈ရက်တွင် ထုတ်ပြန်အသိပေးသည်။

ကျဆုံးသူများသည် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီး အချိန်မှစ၍ နွေဦးတော်လှန်ရေးတွင် ရဲရဲဝင့်ဝင့် တော်လှန်ခဲ့ကြသော ရဲဘော်များဖြစ်ကြောင်း၊ ရဲဘော်တို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ကိုပေးလှူရင်း ကျဆုံးခဲ့ရသော်လည်း သမိုင်းတွင် ကျန်ရစ်မည့် နွေဦးတော်လှန်ရေး သူရဲကောင်းများအဖြစ် လေးစားဂုဏ်ယူမိကြောင်း PGC-MMU အဖွဲ့က ရေးသားသည်။

ကျဆုံးသွားသော PGC-MMU အဖွဲ့၏ နွေဦးတော်လှန်ရေး သူရဲကောင်းများအား ကြေကွဲဝမ်းနည်းစွာဖြင့် အလေးနီပြုအပ်ကြောင်း၊ ရဲဘော်တို့ ကျဆုံးခြင်းသည် အချည်းနှီးမဖြစ်စေရဘဲ ရဲဘော်တို့ စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့သမျှအတွက် ကျန်ရစ်သူ People’s Guerillas Commando – Myinmu အဖွဲ့သားများမှ လေးစားဂုဏ်ယူစွာဖြင့် ရဲဘော်တို့ ပေးအပ်ခဲ့သည့် တာဝန်များ အားလုံး နှင့် ရဲဘော်တို့ လိုချင်သည့် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်နိုင်သည်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း ဆက်လက် တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုကြောင်း PGC-MMU အဖွဲ့က အသိပေးသည်။

‘ရဲဘော်တို့ လွတ်လပ်ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ တစ်ပင်လုံးဝေဖို့ တစ်တောလုံးမကြွေစေရ တစ်ပွင့်ကြွေခဲ့သည်ရှိသော် တစ်တောလုံးဝေရမည်’ဟု ကျန်ရစ်သူ People’s Guerillas Commando – Myinmu အဖွဲ့သားအားလုံးမှ ကတိသစ္စာ ပြုလိုက်ပါသည်ဟု ရေးသားထားသည်။

သို့သော် မည်သည့်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်ကိုမူ PGC-MMU အဖွဲ့က အသိပေးထားခြင်းမရှိပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

SNAသည် လွန်ခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဒေသခံများက သတင်းပေးပို့ ကြောင်း Banmauk Revolution က ဖော်ပြသည်။

သတင်း

ဒီတိုက်ပွဲတွေကြောင့် BGF ဘက်က (၃၈၆)ဦးသေဆုံးခဲ့ကာ (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People's Spring သတင်းဌာနက မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မီဒီယာအား ဖြေကြားခြင်းမပြုကြောင်းကိုသာ အကြောင်းပြန်ခဲ့သည်။