Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူနယ် လက်ပန်ကျင်းရွာတွင် ဒေသခံပြည်သူ ရှစ်ဦးသတ်ဖြတ်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးကျဆုံး

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - ဒေသခံ
ဓာတ်ပုံ - ဒေသခံ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ကျင်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူရှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ကြောင်း Myinmu Civil Revolution Force က သတင်းထုတ်ပြန်သည်။

သြဂုတ် ၁ရက်က စတင်ပြီး လက်ပန်ကျင်းရွာ၌ အကြမ်းဖက်စစ်တပ်၏ ကုန်းကြောင်း၊ လေကြောင်းပစ်ခတ်မှုများကြောင့် လက်ပန်ကျင်းရွာ ပြည်သူ ခုနစ်ဦး ၊ ကန်ရင်းရွာ ပြည်သူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ကြောင်း၊အော်တို (၈ ) လက် ၊ 79 (၁) လက် လည်း ဆုံးရှုံးခဲ့ကြောင်း Myinmu Civil Revolution Force က အသိပေးသည်။

ပြည်သူများ၏ ထောက်ပို့မှု လိုအပ်နေကြောင်း Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ်၁ရက် နံနက် ၁၁ နာရီဝန်းကျင်က လက်ပန်ကျင်းရွာကို ရဟတ်ယာဥ်ငါးစီးဖြင့် ပစ်ခတ်ခဲ့သည်။

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုနှစ်ရက်ဖြစ်စဥ်များအတွင်း ပြည်သူနှင့်ပြည်သူ့ရဲဘော်များ ကျဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းဝင်းအတွင်း၌ KG တန်းကလေး များ ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမများနှင့် ကျေးရွာအတွင်းနေ ဒေသခံ ၁၀၀ကျော်ကိုလည်း နှစ်ရက်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။

စစ်ကောင်စီတပ်သည် ကျောင်း၊ဓမ္မာရုံနှင့် ကျေးရွာဆေးပေးခန်းတို့ကိုလည်း ပစ်ခတ်ဖျက်ဆီးသွားခဲ့သည်။ ရွာအတွင်းရှိ နေအိမ်၁၅လုံးခန့်၊ ကား၊ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများ မွှေနှောက်ခိုးယူခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် မီးရှို့ဖျက်ဆီးခံရသောနေအိမ်အချို့အား တွေ့ရစဥ်။

1 Comment

1 Comment

  1. דירה דיסקרטית ברמת גן

    07/08/2022 at 12:26 ညနေ

    Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နားကပ်နှင့်နားဆွဲ စုစုပေါင်း(၈)စုံ၊လက်စွပ်(၄) ကွင်း ၊ ကလစ်(၄)ခုနှင့် ကျပ်စုစုပေါင်း ၁,၂၃၀,၀၀၀ကျပ်( တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)ကို ကူညီ ထောက်ပံ့ခဲ့ကြကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ BEGSC က ဖော်ပြခဲ့သည်။

သတင်း

ယနေ့ (ဩဂုတ် ၆) ရက်နေ့ နံနက် ၁၀နာရီခန့်က မြင်းဒေါင်းကျေးရွာအနီးသို့ ဆိုင်ကယ် လေးစီးဖြင့် ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် ဒေသတွင်းတော်လှန်ရေး ရဲဘော်များ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။

သတင်း

ခရီးသည်ကား၊ဘုန်းကြီးကား၊နာရေးကားပါမကျန် စစ်ကောင်စီနှင့်ပတ်သက်သော ပစ္စည်းများပါလာပါက ယာဥ်လိုင်း၊ယာဥ်မောင်းနှင့် ခရီးသယ်များမကျန် အရေးယူခံရမည်ဟု သတိပေး သည်။

သတင်း

ဇူလိုင် ၃၀ရက်ကစ၍ ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်နှင့်ဒေါပိုးစီကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာ ခဲ့ခြင်းဖြစ်သည်။