close
Connect with us

Hi, what are you looking for?

ဝတ္ထုတို

မနက်အစောကြီး ဈေးခင်းနေတုန်း ရှိသေးတယ်၊ ရွာ့မြောက်ဘက်က ပစ်သံခတ်သံ၊ ပေါက်ကွဲသံတွေ ကြားလိုက်ရပါတယ်။ ဘေးရွာတွေက ဈေးသည်တွေ၊ ဈေးဝယ်တွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ တီးတိုး တီးတိုး ပြောနေကြတယ်။ ဆိုင်နားရောက်လာတဲ့ ဆိုင်ကယ်ဈေးသည်တဦးကို လက်တို့ကြည့်တော့ ဘယ်ရွာနဲ့ ဘယ်ရွာကြား ပွဲဖြစ်နေတယ်တဲ့၊ မြောက်ဘက်အထွက်လမ်းကို ပိတ်ထားတယ်တဲ့။ ပြောသွားသေးတယ်၊...

ဝတ္ထုတို

အဖိုးကြီးက သေရွာပြန်ပါ…။ သေရွာကနေ အဖိုးကြီးပြန်လာတာ တကြိမ်လည်းမက နှစ်ကြိမ်လည်းမကပါဘူး။ အကြိမ်ပေါင်းများစွာ သေရွာက ပြန်လာနိုင်ခဲ့တဲ့အဖိုးကြီးပါ။ ဒီရက်ပိုင်းမှာ ကျ​နော်ဟာ အဖိုးကြီးကို ထူးထူးခြားခြား သတိရနေမိပါတယ်။ ဒီနေရာမှာ အဖိုးကြီးလို့ ဘာလို့ခေါ်ရသလဲဆိုရင် ကျ​နော်တို့တပ်ဖွဲ့ထဲကို သူရောက်လာခဲ့တာ လွန်ခဲ့တဲ့ (၂၀၂၂) အစောပိုင်းကာလကတည်းကဖြစ်ပါတယ်။ တပ်ဖွဲ့ကိုဝင်လာတဲ့အချိန်ကလည်းစောသလို တပ်ဖွဲ့ဝင်တွေထဲမှာ...

ဝတ္ထုတို

သားရေ...၊ ဂူဂူးရေ...။ အခုချိန်ဆို မင်း ဘယ်တွေ ရောက်နေမှာလဲကွာ။ အရင်က ဒီနေရာ တဝိုက်ဟာ ဂန္ဓမာ အဖြူ၊ အဝါတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ကုန်းကြီးလေ။ ပန်းခင်းကြီးထဲမှာ ပြေးလွှားနေတဲ့ မင်းကို ငါ ခဏခဏ သတိရမိတယ်။ အခုတော့ ပန်းခင်းတွေလည်း မရှိတော့ဘူး။ မင်းလည်း...

ဝတ္ထုတို

ပင်ပန်းကြီးစွာ သက်ပြင်းတချက်ကိုချပြီး ကျောပိုးအိတ်ကလေးကို လွယ်လို့ လောကကြီးကိုအမှုမထားဘဲ ထွက်ခွာသွားသည်။ ထိုသို့ ထွက်ခွာသွားခြင်းကပင် သူ၏ အကျင့်ဖြစ်ပေမည်။

ဝတ္ထုတို

တဲသာသာအိမ်လေးထဲမှာ အဖေနဲ့ ညီလေးနေကြတယ်။ သူတို့နဲ့အတူ ခွေးမလေးတကောင်လဲရှိတယ်။ ဒီအိမ်လေးထဲမှာ စာအုပ်တွေမြောက်များစွာ‌ရှိနေတာကို ဘယ်သူကမှ မသိကြပါဘူး။

ဝတ္ထုတို

ငြိမ်းကိုငြိမ်း ၁။ ဒီတနှစ်မိုးကတော့ ကောင်းဆဲ။ တောင်ပေါ်ဒေသလည်းဖြစ်တာမို့ ရွာရင်လည်း လေးငါးရက်ဆက်တိုက် မစဲတော့။ တခါတရံ နေကျဲကျဲပူတာမို့ ကျောင်းကို ထီးမယူဖြစ်တော့ဘဲ သွား​မိတဲ့အခါမျိုး ရှိဖူးတယ်။ တောင်ပေါ်မိုးက အစိုးမရရယ်။ နေကျဲကျဲပူရာက ချက်ချင်းဆိုသလို အုံ့ဆိုင်းမှုန်မှိုင်းလာပြီး ဗြုန်းဆို မစဲဘဲ သည်းသည်းထန်ထန်ရွာချတတ်တာမျိုး။ အထူးသဖြင့် ကျောင်းဆင်းချိန်...

ဝတ္ထုတို

​မောင်သုည (ရှပ်ပုံသား​လေး) (၁) သာတချီ မှိန်တလှည့် အသက်ရှူကြပ်နေသော လရောင်အောက် လွတ်နိုင်သမျှလွတ်အောင် ပြေးရင်း ညောင်ပင်ကြီးဆီရောက်လာသည်။ ထိုညောင်ပင်အောက်ကို တိုးဝင်သွားသောအရိပ်တခုကြောင့် ကျီးမဲတအုပ်သည် တထိတ်တလန့် ဖရိုဖရဲ ထပျံသန်းသွားကြ၏။ ”အမေ့သားလေး ” အမေ ဆက်ပြေးလိုက်သည်။ ဗွက်အိုင်ထနေသော ရေမျက်နှာပြင်လမ်းမပေါ်က လဆန်း၏လခြမ်းသည် လှုပ်ခတ်ကျန်ခဲ့လေတော့သည်။...

ဝတ္ထုတို

မိုးတွေက သည်းကြီးမည်းကြီး ရွာနေ၏။ ဘယ်အငြိုးနဲ့ ရွာရက်လေသည် မသိ။ ရွာနေသည်မှာ နှစ်နာရီကျော် ရှိပြီ။ ဇရပ်ပေါ်မှာ တကိုယ်တည်း အားကိုးရာမဲ့နေသော ကျနော် ခိုက်ခိုက်တုန်နေ လေပြီ။

ဝတ္ထုတို

After You ဆိုတဲ့ စာသားကလေးကို မထင်မှတ်ဘဲ ဒီရက်ပိုင်းကြားခွင့်ရခဲ့ချိန် အတော်လေး ကျမစိတ်ထဲ သဘောကျမိတယ်။ After You ဆိုတာ ‘မင်းအရင်သွားပါ၊ မင်းအရင်စားပါ” ဆိုတာမျိုး ကိုယ်မဟုတ်တဲ့ တခြားတယောက်ယောက်ကို ဦးစားပေး လိုက်တာမျိုး၊ အဲ့ဒီလိုဦးစားပေးလိုက်လို့ ကိုယ့်အတွက် နစ်နာသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။

ဝတ္ထုတို

​​​​အိမ်မှာ အားလုံးက ကိုယ်လမ်းကိုယ်ရွေးချယ်ခဲ့ကြပြီးပြီ။ “ငါယုံကြည်ရာ ငါလျှောက်တယ်” လို့ပြောတဲ့ အဖေ့စကားကို ကျ​နော် အမီပြု အားမွေးနေခဲ့သလိုပဲ။ တဖက်ကလည်း “အဖေ့ကို ကယ်ဖို့ ထိုင်စောင့်နေမယ့်အစား၊ နောက်လူတွေ အဖေ့လို မဖြစ်ဖို့ ငါကြိုးစားမှာ” ဆိုတဲ့ မမရဲ့စကားကိုလည်း ထောက်ခံအားကျနေမိတယ်။

More Posts

Facebook