Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စက်သုံးဆီဈေးမြင့်တက်ပြီး​ဒေသအချို့တွင်ဆီပြတ်လပ်နေ

စစ်ကောင်စီကစက်သုံးဆီကိုထိန်းချုပ်ထားပြီးဆိုင်များကိုလည်းကန့်သတ်ချက်ဖြင့်သာထုတ်ရောင်းပေးနေသည်ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

(ရန်ကုန်မြို့တွင်ယခုနှစ်ဆန်းပိုင်းကစက်သုံးဆီပြတ်လပ်မည်စိုး၍ ဆီဝယ်ရန်ကားများနာရီ​ပေါင်းများစွာတန်းစီ​စောင့်ဆိုင်း​နေကြစဥ်။ ။ဓါတ်ပုံ- People's Spring)
(ရန်ကုန်မြို့တွင်ယခုနှစ်ဆန်းပိုင်းကစက်သုံးဆီပြတ်လပ်မည်စိုး၍ ဆီဝယ်ရန်ကားများနာရီ​ပေါင်းများစွာတန်းစီ​စောင့်ဆိုင်း​နေကြစဥ်။ ။ဓါတ်ပုံ- People's Spring)

ပြည်တွင်း၌စက်သုံးဆီဈေးများတက်​လာပြီးဝယ်ယူရခက်ခဲလာကာ ဒေသအချို့တွင် စက်သုံးဆီပြတ်တောက်နေသည်ဟု ​ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၁၈၅၀မှ ၂၁၀၀ကျပ်အထိ မြှင့်တင့်လိုက်ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးသည်တစ်လီတာကိုအနည်းဆုံးကျပ် ၂၅၀ အထိမြင့်တက်လာပြီးနောက် ဆိုင်အများစုက အရောင်းပိတ်ထားခြင်းဖြစ်သည်ဟုစက်သုံးဆီဝယ်ယူခဲ့သူများကပြောသည်။

ရန်ကုန်မြို့တွင် ဩဂုတ် ၇ရက်က အောက်တိန်း ၉၂ တစ်လီတာကို ၁၆၈၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၇၄၀ကျပ် နှင့် ပရီမီယံ ဒီဇယ် တစ်လီတာကို ၂၀၉၀ကျပ်ရှိခဲ့သည်။ ၂ ရက်အကြာတွင်တစ်လီတာလျှင် ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အတွင်း​ဈေးအသီးသီးတက်လာသည်။ယ​နေ့( ဩဂုတ် ၉ ရက်)တွင် အောက်တိန်း ၉၂ တစ်လီတာကို ကျပ် ၁၈၆၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၁၉၂၀ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၁၈၅ကျပ်အထိ့​ဈေးတက်လာသည်။

“ရန်ကုန်မှာ ဆီဝယ်ရတာခက်တယ်။ ဆိုင်အများစုက ဆီပြတ်နေတာ ၂ရက်၊ ၃ ရက်လောက်ရှိနေပြီ”ဟု ဆီသွား​ရောက်ဝယ်ယူခဲ့​သောရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

နယ်မြို့များတွင်သယ်ယူစာရိတ်ကြောင့် ဈေးနှုန်းပိုမိုမြင့်မားနေပြီး အချို့မြို့များတွင် ဆီပြတ်လပ်နေသည်ဟု ​ဒေသခံများထံမှသိရသည်။

မန္တလေး၊ မူဆယ်၊ တောင်ကြီးစသည့်မြို့များတွင် စက်သုံးဆီပြတ်တောက်နေပြီးဆိုင်အများစုများအရောင်းပိတ်ထားသည်ဟု မြို့ခံများကပြောသည်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်အောက်တိန်း ၉၂ တစ်လီတာကို ၂၁၀၀ကျပ်မှ ၂၅၀၀ကျပ်အထိမြင့်တက်လာပြီး ဆိုင်အများစုမှာလည်း အရောင်းပိတ်ထားသည်ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီကစက်သုံးဆီကိုထိန်းချုပ်ထားပြီးဆိုင်များကိုလည်းကန့်သတ်ချက်ဖြင့်သာထုတ်ရောင်းပေးနေသည်ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“ဆီကဈေးတက်ပြီး လိုချင်သလောက်လဲ ဝယ်မရတော့ ထိန်းရောင်းနေရတော့ ဈေးက ပိုတက်လာတာ”ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

နိုင်ငံအတွင်း စက်သုံးဆီတင်သွင်းခြင်းကို တစ်နှစ်လျှင်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအသုံးပြုနေရ၍ စက်သုံးဆီတင်သွင်းမှုကို ​လျှော့ချရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သြဂုတ် ၈ ရက်နေ့ အစည်းအဝေးတွင်​ပြောခဲ့သည်။ ထိုသို့ပြောဆိုပြီးနောက် ပြည်တွင်း၌ စက်သုံးဆီဈေးများ မြင့်တက်လာပြီး မြို့အချို့တွင် စက်သုံးဆီပြတ်တောက်လာခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဆီ​ပေပါ​ပေါင်းများစွာမီး​လောင်ကျွမ်းခြင်းဖြစ်၍ မီးခိုးလုံးကြီးကို မြို့​နေရာအနှံမှမြင်​​တွေ့ရပြီး ။ မုံရွာမြို့ခံ ပြည်သူများက မြို့သို့မီးကူးစက်​လောင်ကျွမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။

သတင်း

ယနေ့(ဇူလိုင်လ၁၀ရက်)နံနက် ၀၉း၁၅ အချိန်ခန့်ကစတင်ကာ ဆီတင်ဖလက်ယာဥ်ကြီး(စက်လှေ)တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဥ်များဖြင့် ​ငြှိမ်းသတ်နေသော်လည်း နံနက် ၁ဝး၅၀ အချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဗီဒီယို

လူဦးရေ ၂၂ သန်းလောက် နေထိုင်တဲ့ ကျွန်းနိုင်ငံဟာ သမိုင်းတလျှောက် အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်း တစ်ရပ်နဲ့ ကြုံတွေ့နေတာပါ။ ဆီရှားတာကြောင့် နေ့စဉ် ပမာဏ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတဲ့ ဆီဆိုင်တွေရှေ့မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးယာဉ်တွေ တန်းစီနေတဲ့ မြင်ကွင်းတွေကိုလည်း နေ့စဉ် တွေ့နေရပါတယ်။

သတင်း

ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၃၀၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ကျပ် နှင့် ပရီမီယံတစ်လီတာကို ၂၆၄၀ကျပ်ပေါက်ဈေးရှိသည်။