Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ရေကြီးပြီး ၈ ဦးထက်မနည်း သေဆုံး

တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနက သေဆုံးသူတွေထဲက ၃ ဦးဟာ ရေဝင်နေတဲ့ မြေအောက်ခန်း တစ်နေရာမှာ ပိတ်မိရင်း ရေနစ်ခဲ့ကြတာလို့ ပြောပါတယ်။ ဒဏ်ရာရသူ ၉ ဦးကို ကယ်ဆယ်ရေးတွေက ဆေးရုံ တင်ပို့ထားပြီး ၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ရေကြီးပြီး ၈ ဦးထက်မနည်း သေဆုံး
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ရေကြီးပြီး ၈ ဦးထက်မနည်း သေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ အရေအတွက်က ၈ ဦးထက်မနည်းထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဆိုးလ်မြို့ရဲ့ နေအိမ်တွေ၊ လမ်းတွေ၊ မြေအောက်ရထား ဘူတာတွေ ရေနစ်ကုန်ပြီး လျှပ်စစ် ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်ကုန်ပါတယ်။ ဒါ့အပြင် မြေနိမ့်ပိုင်း ဧရိယာတွေမှာ ပိတ်မိနေသူ ရာဂဏန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနက သေဆုံးသူတွေထဲက ၃ ဦးဟာ ရေဝင်နေတဲ့ မြေအောက်ခန်း တစ်နေရာမှာ ပိတ်မိရင်း ရေနစ်ခဲ့ကြတာလို့ ပြောပါတယ်။ ဒဏ်ရာရသူ ၉ ဦးကို ကယ်ဆယ်ရေးတွေက ဆေးရုံ တင်ပို့ထားပြီး ၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဆိုးလ်မှာ ဩဂုတ် ၈ ရက်ကစလို့ မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းပြီး အခုလို ရေကြီးတဲ့ အခြေအနေတွေ ကြုံလာရတာပါ။ မြို့တော်ရဲ့ အစိတ်အပိုင်း တချို့မှာ မိုးရေချိန်က ၄၂၂ မီလီမီတာလောက်ထိ များပြားခဲ့ပါတယ်။ အာဏာပိုင်တွေက လက်ရှိ ရေဘေးနဲ့ ပတ်သက်လို့ တတိယအဆင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားလိုက်ပါတယ်။

ဆိုးလ်မြို့မှာ တစ်နာရီအတွင်း စံချိန်တင် မိုးရွာသွန်းတဲ့ ပမာဏဟာ မိုးရေချိန် ၁၄၁.၅ မီလီမီတာထိ များပြားခဲ့ပါတယ်။ လူမှုကွန်ရက်တွေပေါ် တင်ထားတဲ့ ဓာတ်ပုံတွေမှာလည်း မြို့အနှံ့ ရေဖုံးလွှမ်းပြီး အပျက်အစီးတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

ဩဂုတ် ၉ ရက်မှာ ရေပြန်ကျစ ပြုလာပေမယ့် ဘတ်စ်ကားတွေ၊ အိမ်စီးကားတွေက ရေမျောပြီး လမ်းဘေး ပလက်ဖောင်းတွေပေါ် တင်နေသလို လမ်းတွေလည်း ပိတ်နေပါတယ်။ မြို့အာဏာပိုင်တွေက ရေဆင်းစနစ်တွေကို အမြန်ဆုံး ရှင်းလင်းနေပြီး လမ်းနဲ့ မြေအောက် ရထားဘူတာထဲက ရေတွေကို ဖောက်ချပေးနေပါတယ်။ ဩဂုတ် ၉ ရက်ထိတော့ မြေအောက်ရထား ဘူတာ အတော်များများကို ပိတ်ထားရဆဲပါ။

ဟန်မြစ် တောင်ပိုင်းက ဒေသအများစုမှာ ရေကြီးတဲ့ဒဏ်ကို အဆိုးဆုံး ခံခဲ့ရပြီး လူကုံထံတွေ နေထိုင်ရာ နာမည်ကြီး ဂန်းနမ်းရပ်ကွက်လည်း အပါအဝင် ဖြစ်ပါတယ်။ ရေဘေးကြောင့် ယာယီ ရွှေ့ပြောင်းရသူ ၈၀၀ ကျော်ကို အားကစားရုံတွေ၊ ကျောင်းတွေထဲမှာ ယာယီ နေရာချပေးထားရပါတယ်။ ဆိုးလ်မှာ ရေကြီးတဲ့ဒဏ်ကြောင့် အိမ်နဲ့ စျေးဆိုင် ၇၀၀ ကျော်လောက် တော်တော်ကြီး ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစုတွေဆီ စာနာဝမ်းနည်းကြောင်း သတင်းစကား ပေးပို့ခဲ့ပါတယ်။ သမ္မတက သူဟာ ရေကြီးတဲ့ ဧရိယာတွေကို ကိုယ်တိုင် သွားရောက် စစ်ဆေးပြီး နောက်ဆက်တွဲ ထိခိုက်မှုတွေ နည်းနိုင်သမျှ နည်းအောင် စီစဉ် ညွှန်ကြားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး စနစ်တွေကို ပြန်လည် ပြင်ဆင် သုံးသပ်သင့်ပြီလို့လည်း သမ္မတက ထောက်ပြခဲ့ပါတယ်။ တောင်ကိုရီးယား မိုးလေဝသ ဝန်ကြီးဌာနကတော့ ဩဂုတ် ၉ ရက်နဲ့ ၁၀ ရက်တွေမှာလည်း ဆိုးလ်မြို့တော်တဝိုက် မိုးသည်းထန်နိုင်ပြီး တစ်နာရီကို မိုးရေချိန် ၁၀၀ မီလီမီတာ အထက်လောက် ရွာသွန်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ တိုက်ခိုက်မှုအား နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂)ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟူရာမြင်းရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ ဒီမိုသိန်းငှက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

နွားထိုးကြီး PDF အဖွဲ့သ​ည် ဇူလိုင် ၂၉ရက်ကလ​ည်း မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက်စစ်တပ်အုပ်စုဝင်တစ်ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့သည်။

သတင်း

ဒီတိုက်ပွဲတွေကြောင့် BGF ဘက်က (၃၈၆)ဦးသေဆုံးခဲ့ကာ (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။