Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း

စံအိမ်ထဲကနေ ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတဲ့ သေတ္တာတချို့ သယ်ထုတ်သွားတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တချို့က ဆိုပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးရဲ့ အိမ်ကို ဝရမ်းထုတ်ပြီး ဝင်ရှာတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း
ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေ ဝင်ရောက်စီးနင်း

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ နေအိမ်ကို FBI ထောက်လှမ်းရေး အရာရှိတွေက ဝင်ရောက် စီးနင်း ရှာဖွေခဲ့ကြောင်း သိရပါတယ်။

ထရမ့်က ဖလော်ရီဒါပြည်နယ်၊ ပမ်းလ်မ်ဘိချ်မှာ ရှိနေတဲ့ မာအေလာဂို စံအိမ်ကြီးကို FBI အေးဂျင့် အမြောက်အမြားက ဝင်ရောက် ရှာဖွေခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၈ ရက် ဖြစ်စဉ်ဟာ ထရမ့်ရဲ့ သမ္မတ သက်တမ်းတုန်းက တရားဝင် စာရွက်စာတမ်းတွေ ထိန်းသိမ်းထားမှုနဲ့ သက်ဆိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန် အတွက်တော့ အမှောင်လွှမ်းတဲ့ ကာလတွေကို ကြုံနေတာဖြစ်ကြောင်း၊ အမေရိကန် သမ္မတအဖြစ် တာဝန်ယူဖူးသူ တစ်ယောက်ယောက်မှာ ဒါမျိုးကြုံဖူးတယ်ဆိုတာ အရင်က လုံးဝ မရှိခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

အခုလို စီးနင်းရှာဖွေမှုမျိုး လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး FBIကရော၊ အမေရိကန် တရားရေး ဌာနကပါ ဘာဖြေရှင်းချက်မှ မပေးသေးပါဘူး။ အမည်ဖော်မပြတဲ့ စုံထောက် တစ်ဦးကတော့ ဝရမ်း ခွင့်ပြုချက်ရပြီး မိနစ်ပိုင်း အတွင်းမှာပဲ FBI အေးဂျင့်တွေက စံအိမ်ကို ရောက်သွားခဲ့ကြတာလို့ ပြောပါတယ်။

စံအိမ်ထဲကနေ ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတဲ့ သေတ္တာတချို့ သယ်ထုတ်သွားတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တချို့က ဆိုပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးရဲ့ အိမ်ကို ဝရမ်းထုတ်ပြီး ဝင်ရှာတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

အမေရိကန် သမ္မတဟောင်းတွေဟာ သမ္မတမှတ်တမ်း အက်ဥပဒေအရ သူတို့ရဲ့ တရားဝင် စာရွက်စာတမ်းတွေ၊ အလုပ်ကိစ္စ မှတ်တမ်းတွေနဲ့ အီးမေးလ်တွေကို အမျိုးသား မော်ကွန်းဌာနဆီ လွှဲပြောင်းပေးရပါတယ်။ တရားဝင် မှတ်တမ်းမှတ်ရာတွေကို လက်လွှဲ ကိုင်တွယ်ရတဲ့ တခြား အစိုးရ ဌာနတွေလည်း ရှိပါသေးတယ်။

FBIက သယ်ထုတ်သွားတဲ့ သေတ္တာတွေထဲမှာ အမျိုးသား လုံခြုံရေးဆိုင်ရာ လျှို့ဝှက် သတင်းအချက်အလက်တွေလို့ စာတန်းကပ်ထားတာတွေပါ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ထရမ့်ရဲ့ ရှေ့နေ ခရစ္စတီးနား ဘော့ဘ်က FBIရဲ့ ဝင်ရောက် ရှာဖွေမှုအတွင်း စာရွက်စာတမ်းတချို့ သိမ်းဆည်းခံရကြောင်း အတည်ပြုခဲ့ပါတယ်။

အဲဒီထဲမှာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် ထရမ့် တကျော့ပြန် ယှဉ်ပြိုင်မယ့် လုပ်ငန်းစဉ်တွေအတွက် ရီပတ်ဘလစ်ကန် ပါတီရဲ့ လမ်းညွှန်ချက် မှတ်တမ်းတွေ ပါဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင် တချို့က ဒီလုပ်ရပ်ဟာ အစိုးရက တရားရေး ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချတာလို့ စွပ်စွဲ ပြောဆိုထားကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရေကူးကန်၊ အားကစားခန်းမနဲ့ အိပ်ခန်းပေါင်းများစွာပါဝင်တဲ့ အဲဒီနေအိမ်ကို ဂျက်ဖရီးစတားက အစောပိုင်းမှာ ဒေါ်လာ သန်း ၂၀ နဲ့ရောင်းချဖို့ စျေးခေါ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့် သူစတင်ဝယ်ယူခဲ့ ချိန်က ဒေါ်လာ ၁၄.၆ သန်းပေးခဲ့တာကြောင့် ဒေါ်လာ ၂ သန်းကျော်အမြတ်ထွက်ခဲ့ပါတယ်။

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People's Spring သတင်းဌာနက မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မီဒီယာအား ဖြေကြားခြင်းမပြုကြောင်းကိုသာ အကြောင်းပြန်ခဲ့သည်။

နိုင်ငံတကာ

တရုတ် အစိုးရ မီဒီယာတွေကတော့ တရုတ် စစ်တပ်ဟာ ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာလည်း ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ စစ်ရေး လေ့ကျင့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ သတိပေး ကြေညာထားပါတယ်။

သတင်း

အာဏာသိမ်း​ခေါင်းဆောင်၏ အင်းယားလမ်း နေအိမ်ကို မေ ၅ ရက်က စတင်ရောင်းချခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် ရှယ်ယာအားလုံးရောင်းချခဲ့ပြီးဖြစ်သည်။