Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုအားတိုက်ခိုက်ရာ ၁၁ဦးသေဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့ပြော

တိုက်ပွဲမှာဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် ဒေသ ခံမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ရင်ဆိုင်သွားမည်ဟု အသိပေးသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့ စနိုက်ပါအဖွဲ့မှ ရဲဘော်တစ်ဦးက ရန်သူအားပစ်ခတ်ရန်ချိန်ရွယ်နေစဉ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့ စနိုက်ပါအဖွဲ့မှ ရဲဘော်တစ်ဦးက ရန်သူအားပစ်ခတ်ရန်ချိန်ရွယ်နေစဉ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်အုပ်စုအားတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့က ယနေ့(သြဂုတ် ၁၀ ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၉ ရက်)က ဆိုလားလူကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို လယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့နှင့် ဒေသခံမဟာမိတ်တပ်ပေါင်းစုများမှ ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းအထူးစစ် ဆင်ရေး စနိုက်ပါ အဖွဲ့လည်း ပါဝင်ခုခံတိုက်ခဲ့ပြီး တိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲမှာဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် ဒေသ ခံမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ရင်ဆိုင်သွားမည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်က ဇူလိုင်နောက် ဆုံးပတ်ကစ၍ ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ရေးအရှိန်မြှင့်တင်နေကြောင်းလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(သြဂုတ် ၁၀ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရွာမိဿာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရေဦး၊ ဒီပဲယင်းနယ်များရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သတင်း

အထက်ပါ စစ်ကောင်စီသင်္ဘောများတွင်စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ပို့မည့်လက်နက်၊ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတစ်လျှောက် ပြည်သူ များက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုအား နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂)ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟူရာမြင်းရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို သြဂုတ် ၆ ရက် ည ၉ နာရီခန့်တွင် ချင်စုအထပ်သား စက်ရုံလမ်းကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးပေ။