Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှစ်လေးလုံးနှစ်ပတ်လည်နှင့်ကရင်နီအမျိုးသားတော်လှန်ရေးနေ့ကိုဂုဏ်ပြု၍ KSP က အကျဥ်းသားခုနစ်ဦးကို လွတ်ငြိမ်းခွင့်ပေး

၂၀၂၂ ဩဂုတ် ၈ရက်တွင် (၃၄) နှစ်မြောက် ရှစ်လေးလုံး(၈၈၈၈) အရေးတော်ပုံနှစ်ပတ်လည်နေ့ ကျရောက်ခဲ့ပြီး ဩဂုတ် ၉ ရက် ယနေ့တွင် ကရင်နီအမျိူးသားခုခံတော်လှန်ရေးနေ့ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

KSP တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-​ပေးပို့
KSP တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-​ပေးပို့

ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့နှင့် ယနေ့(သြဂုတ် ၉ ရက်) ကျရောက်သော ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသားခုနစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)က ထုတ်ပြန်သည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၏ ညွှန်ကြားချက်အရ အကျဉ်းသားခုနစ်ဦးအား လူသားခြင်းစာ နာထောက်ထားမှုနှင့် အကျဉ်းသားများ၏ ခံဝန်ကတိများဖြင့် ယင်းတို့ကျခံရသည့် ပြစ်ဒဏ်အသီးသီးမှ ပြစ်ဒဏ်များလျှော့ပေါ့ကာ တရားဝင်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု ဖော်ပြသည်။

ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)
ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)

လွတ်ငြိမ်းခွင့်ပေးခဲ့သော အကျဥ်းသားခုနစ်ဦးတွင် မးယစ်မှု၊ ခိုးမှုစသည့် ပြစ်မှုကျူးလွန်သူ များပါဝင်ပြီး အဆိုပါအကျဥ်းသားခုနှစ်ဦးသည် KSP ၏ဒေသအသီးသီးရှိစခန်းများတွင် အနည်းဆုံး (၆)လမှ အများဆုံး (၁၀)လအထိ ပြစ်ဒဏ်ကျခံပြီးသူများပါဝင်ကြောင်း KSPမှ ပြန်ကြားရေးနာဝန်ခံ ရဲဘော်ဘိုဘိုက ပြောသည်။

“ကျွန်တော်တို့စခန်းတွေက နေရာတော်တော်များများမှာရှိ‌တယ်ဗျ။ စခန်းတွေကနေ လွတ်ငြိမ်း အတွက် လူစိစစ်ပြီး ခုနစ်ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်တာ”ဟု ၎င်းက ပြောသည်။

ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပေးခဲ့သော အကျဥ်းသားတစ်ဦးစီတိုင်းကို နောက်ထပ်ပြစ်မှုတစ်စုံ တစ်ရာထပ်မံကျူး လွန်ပါက ယခုထက်ပိုမိုကြီးလေး သည့် ပြစ်ဒဏ်ကျခံရမည်ဟု သတိပေးထားသည့် ခံဝန်ကတိလက်မှတ်ရေးထိုး၍ စနစ်တကျလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်ဘိုဘိုက ဆက်ပြောသည်။

၂၀၂၂ ဩဂုတ် ၈ရက်တွင် (၃၄) နှစ်မြောက် ရှစ်လေးလုံး(၈၈၈၈) အရေးတော်ပုံနှစ်ပတ်လည်နေ့ ကျရောက်ခဲ့ပြီး ဩဂုတ် ၉ ရက် ယနေ့တွင် ကရင်နီအမျိူးသားခုခံတော်လှန်ရေးနေ့ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သတင်း

ယင်းဆန္ဒပြပွဲကို ဒေသစံတော်ချိန် ညနေ၄နာရီမှ ညနေ ၇နာရီ အထိကျင်းပကာ ၈၈မျိုးဆက်များ Gen z လူငယ်များနှင့် ဦးဆောင်ကျင်းပသော NYCBC မှ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှတ်တရစကားများပြောကြားခဲ့သည်။

သတင်း

ဆူဝန်၊ ဂွမ်ဂျူး၊ အူလ်ဆန်း၊ အန်းဒုန်၊ ဘူဆန်းနှင့် ဘူဖျောင်းမြို့များတွင် မြန်မာ့အရေး အားပေး ထောက်ခံသော တောင်ကိုရီးယား အရပ်ဘက် အဖွဲ့အစည်းများနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းများ အနေဖြင့်လည်း ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုအား ပတ်သက်ဆက်ဆံခြင်း မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများကို ထောက်ခံ ကူညီခြင်းဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကြောင်း ပြသပေးကြရန်လည်း GSCB က အလေးအနက် တိုက်တွန်းခဲ့သည်။