Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်တွင် စစ်ဘေးရှောင်သုံးသောင်းနီးပါးရှိနေပြီး အကူအညီများ လိုအပ်နေ

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် ၂,၀၀၀ ကျော်ပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းနီးပါးရှိနေပြီဖြစ်ကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

(အရာတော်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ဘေးရှောင် သုံးသောင်းနီးပါးရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစ၍ ယနေ့အထိ ကျေးရွာပေါင်း ၂၀ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အရာတော်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ကျေးရွာ ငါးရွာထက်မနည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် ၂,၀၀၀ ကျော်ပြီဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သုံးသောင်းနီးပါးရှိနေပြီဖြစ်ကြောင်း အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

“ခုထိအိမ်မပြန်ရဲကြသေးဘူး။ ဖြစ်သလို နေထိုင် စားသောက်နေကြရတယ်။ အဓိကလိုတာက ငွေကြေးအကူအညီပေါ့။ ဘယ်အဖွဲ့အစည်းက လှူ၊လှူ ငွေကြေးလို အပ်တာတော့အမှန်ပဲ”ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ ထောက်ပို့တာဝန်ယူထားသူတစ်ဦးက ပြောသည်။

(အရာတော်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(အရာတော်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

မင်းရွာကြီး၊ မလဲသာ၊ ကဲဘာရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး ခြင်းခံခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ၎င်းက ပြောသည်။

အရာတော်မြို့နယ် မင်းရွာတွင် သြဂုတ်၄ရက်မှ ၆ရက်အထိ သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၃၈ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ဘက်က စုစုပေါင်း ရဲဘော်ခြောက်ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ဗမာ့စွမ်းရည်မြင့်တပ်​တော်က အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အရာတော်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးထားသည်။

သတင်း

အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် သုံးရက်ဆက်တိုက်ပွဲကြီးတိုက်ထား၍ ပြည်သူများက လက်နက်ခဲယမ်းအတွက်အကူအညီ​ပေးကြရန်လည်းလည်းBRTF က​မေတ္တာရပ်ခံသည်။

သတင်း

မင်းရွာထဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား သြဂုတ်လ၅ရက်နေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၅)ဦး ထပ်မံသေဆုံးခဲ့ကြောင်း BRTFက ပြောသည်။

သတင်း

ယနေ့(သြဂုတ်၆ရက်) နံနက်ခင်းပိုင်းက အရာတော် မြို့နယ်တောင်ပိုင်းရှိ မင်းရွာ‌ကြီးနှင့် မြောက်ပိုင်းရှိ အောင်သာကျေးရွာတို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။