Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ PDFစခန်းစီးနင်းခံရမှု God Of Snake အဖွဲ့မှ ရဲဘော် သုံးဦးကျဆုံး

ဩဂုတ် ၈ရက် နံနက် ၆ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းတွင် တပ်စွဲထားသော အင်အား(၄၀)ပါ စစ်ကောင်စီစစ်ကြောင်းသည် ကိုင်းတောရွာကို ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင် ထိုင်နေသော ရွာသားတစ်ယောက်ကို ဓားစာခံလမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj
PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သပြေပင်စုကျေးရွာရှိ God Of Snake ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၏ စခန်း စီးနင်းခံရမှုတွင် ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၈ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သည် God Of Snake စခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ အဖွဲ့မှ ရဲဘော် ကိုဖတ်တီး၊ ရဲဘော် ကိုသွေးကြောနှင့် ရဲဘော်ကိုဒေးဗစ်တို့ ကျဆုံးခဲ့ကြောင်း God Of Snake အဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ် ၈ရက် နံနက် ၆ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းတွင် တပ်စွဲထားသော အင်အား(၄၀)ပါ စစ်ကောင်စီစစ်ကြောင်းသည် ကိုင်းတောရွာကို ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင် ထိုင်နေသော ရွာသားတစ်ယောက်ကို ဓားစာခံလမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj
PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj

ထို့နောက် ကိုင်းတောရွာမှတဆင့် သပြေပင်စုရွာသို့ ရောက်ရှိလာပြီး သပြေပင်စု ရွာ အရှေ့ဘက် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာ PDF အဖွဲ့ဝင်များနှင့် ကိုက် ၂၀၀အကွာတွင် အပြန်အလှန် ပစ်ခက်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ်သတင်း မှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က (၄၀)မမ သုံးလုံး ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး စခန်းကို မီးရှို့ပြီး ဘေးနားရှိ တောတဲများကိုလည်း မီးရှို့သွားခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူပါ လက်ထိပ်ခတ်ခံ ထားရသော အမျိုးသားနှစ်ဦးနှင့် ရွာရှိဧည့်သည်တစ်ဦး စုစုပေါင်း အမျိုးသား သုံးဦးအား ခေါင်းများကို ကွဲထွက်သည်ထိ ရိုက်နှက်ကာ သတ်ဖြတ်ထားပြီး အလောင်းများအား အကျအန မြေမြုပ် ဖုံးဖိထားခဲ့ ကြကြောင်း ထပ်မံ အသိပေးသည်။

ထိုရိုက်နှက်သတ်ဖြတ်ခံရသည့် သုံးဦးသည် GOSအဖွဲ့၏ ရဲဘော် ၃ ဦးဖြစ်နေခဲ့သည်။

PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj
PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj

ထိုနောက် အကြမ်းဖက် စစ်ကောင်စီတပ်သည် စခန်းမှလက်လုပ်သေနတ်များ၊ မိုင်း အလုံး ၂၀၀၊ သပြေပင်စု ရွာထဲမှ ဆန်အိတ်များ ၊ဆိုင်ကယ် (၈)စီး၊ ဆိုလာပြားများ၊ အဝတ်အိတ်များ၊ ဂစ်တာတစ်လုံးနှင့် အကြမ်းဖက်လုယူကာ ပြန်လည်ထွက်ခွာသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း၊ ကျဆုံးရဲဘော်များ၏ စွန့်လွှတ်ပေး ဆပ်မှုအတိုင်း အာဏာရှင်စနစ် အမြစ်ပြတ် ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း God Of Snake က အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"တိုက်ပွဲမဖြစ်ချိန်မှာ ဒေသဖွဲ့ဖြိုးရေးကို ကျွန်တော်တို့ လုပ်နေကြတာ။ ဒီလိုပဲ အလျဥ်းသင့်သလို အမြဲလုပ်နေမှာပါ"ဟု The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုင်ငံတကာ

စံအိမ်ထဲကနေ ရှာဖွေပုံစံနဲ့ သိမ်းဆည်းသွားတဲ့ သေတ္တာတချို့ သယ်ထုတ်သွားတာကိုလည်း တွေ့ခဲ့ရကြောင်း မျက်မြင်တချို့က ဆိုပါတယ်။ အမေရိကန် သမိုင်းမှာတော့ သမ္မတဟောင်း တစ်ဦးရဲ့ အိမ်ကို ဝရမ်းထုတ်ပြီး ဝင်ရှာတယ် ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

သတင်း

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ ဒီမိုသိန်းငှက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။