Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးအခြေစိုက် တပ်ရင်းနှစ်ခုကို မွန်အခြေစိုက်တပ်ပေါင်းစု တိုက်ခိုက်

ရေးမြို့ရှိ စကခ(၁၉) လက်အောက်ခံတပ်များအား မွန်ပြည်နယ်အခြေစိုက် မဟာမိတ်တပ်ပေါင်းစုများက လက်နက်ကြီးဖြင့် တိုက်ခိုက်ရန်ြပင်ဆင်နေစဥ်။ ဓာတ်ပုံ - ရေးပြောက်ကျားတပ်ဖွဲ့

မောင်မောင်၊​ကျော်​ဇော /People’s Spring

မွန်ပြည်နယ်၊ ရေးမြို့ရှိ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉) လက်အောက်ခံတပ်များအား မွန်ပြည်နယ်အခြေစိုက် မဟာမိတ်တပ်ပေါင်းစုများက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တိုက်ခိုက်မှုမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၂ ရက်က ရေးမြို့အခြေစိုက် စကခ(၁၉) လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ(၅၈၃) နှင့် ခမရ(၅၉၁)တပ်တို့အား ဒေါနစစ်ကြောင်း၊ မွန်တော်လှန်ရေးတပ် (MSRF)၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)၊ ရေးကာ‌ကွယ်ရေးတပ် (YDF)၊ MSRO၊ ABSDF တပ်ရင်း(၁)၊ YAF နှင့် KNLA တပ်ရင်း(၂၇)၊ ရေးအခြေစိုက် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ လက်နက်ကြီးဖြင့် ရှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတပ်ရင်း နှစ်ခုအား တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ အချိန် ၁၅မိနစ်သာကြာမြင့်ခဲ့သော်လည်း တပ်ရင်းအတွင်း လက်နက်ကြီး တိုက်ရိုက်ထိမှန်မှုရှိသည်ဟု သတင်းရရှိထားကြောင်း အသိပေးသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ခမရ (၅၉၁)မှ ဒုဗိုလ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ ရဲဘော်တစ်ဦးနှင့် ရဲဘော်၏ မိန်းမ တစ်ဦး စုစုပေါင်း လေးဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ကိုသိရှိထားပြီး ခမရ(၅၈၃)၏ ထိခိုက်သေဆုံး သတင်းများအား စုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

“၅၉၁ က ရှင်းရှင်းပြောရလို့ရှိရင် ကျနော်တို့ ဖရဲသီးအရ၊ ဆေးရုံမှတ်တမ်းအရ နောက်ပြီး ကျနော်တို့ရဲ့ အထောက်တော်တွေအရ အဲဒါကြောင့်မိုလို့ (ထိခိုက်သေဆုံးစာရင်း)၅၉၁ ကိုတော့ အတည်ပြုလို့ရတယ်။ ရာထူးအဆင့်အတန်းက လွဲမှားချင်လွဲမှားလိမ့်မယ်။ လောလောဆယ် လေးယောက်သေတယ်ဆိုတာကို ကျနော်တို့ အတည်ပြုလို့ရတယ် ခင်ဗျ။ သုံးယောက်ကတော့ စစ်​ေ-ွးတွေ တစ်ယောက်ကတော့ စစ်​ေ-ွးတွေရဲ့မိန်းမ”ဟု တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေးဆုံးမှုနှင့်စပ်လျဥ်းပြီး မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်များ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်ဒဏ်ရာရခဲ့သည့်ကျေးရွာမှာ ရေးမြို့ အရှေ့ဖက်ခြမ်းတွင်တည်ရှိသည့် ကျောင်းရွာ ကွာန်ဖယ်အမည်ရ တိုက်နယ်အဆင့်ကျေးရွာကြီးတစ်ရွာဖြစ်ကာ မွန်လုမျိုးအများစုနေထိုင်ကာ ကရင်နှင့် ဗမာအနည်းငယ်လည်း နေထိုင်ကြကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ကလည်း ၎င်းတို့တပ်အပစ်ခံရ၍ လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်မှတ်ထား ပြန်လည်ပစ်ခတ်ခဲ့ရာ ပြည်သူများထိခိုက်ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိသည်ဟု အသိပေးထားသည်။

ခမရ(၅၃၈)နှင့် ခမရ(၅၉၁)က လက်နက်ကြီး ရှစ်ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး (၇၉)မမ များဖြင့်လည်း ကျေးရွာများသို့ ပစ်ခတ်ခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

“တပ်ကိုထိရင် ရွာကိုပစ်မယ်ဟု ခြိမ်းခြောက်ထားသည့်အတိုင်း ရွာများထဲ့သို့ ပြန်လည် ပစ်ခတ်ခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၆ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မကောင်းစွာဖြင့် ကြားသိရပါသည်”ဟု ဖော်ပြထားသည်။

ရေးအခြေစိုက် စစ်ကောင်စီတပ်များကို ရေးအခြေစိုက်အဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း အသိပေးထားပြီး လက်နက်ကြီးတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုရှိသော်လည်း တော်လှန်ရေးမဟာမိတ်အဖွဲ့များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။