Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်း ထိပ်တန်း စစ်ဦးစီး တစ်ယောက်ကို သမ္မတ ဇီလန်စကီး ရုတ်တရက် ထုတ်ပယ်

မော်စကယ်လ်ယော့ဗ် ထုတ်ပယ်ခံရတဲ့ ကိစ္စ မတိုင်ခင် ကတည်းက ယူကရိန်း စစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတချို့ ရှိခဲ့ပြီး ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်စီ ရက်ဇ်နီကော့ဗ်တောင် ထုတ်ပယ် ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေကို အဓိက ဦးဆောင်နေတဲ့ စစ်ဦးစီး အရာရှိ တစ်ယောက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

အီဒူရက်ဒ် မော်စကယ်လ်ယော့ဗ်ကို ရာထူးက ဖယ်ရှားလိုက်တာနဲ့ ပတ်သက်လို့ ဇီလန်စကီးက ဘာအကြောင်းပြချက်မှ မပေးဘဲ ကြေညာချက်ကိုလည်း စာတစ်ကြောင်းတည်း တိုတိုတုတ်တုတ် ထုတ်ပြန်ခဲ့ပါတယ်။ မော်စကယ်လ်ယော့ဗ်ဟာ ယူကရိန်း ပူးပေါင်းစစ်ဆင်ရေးဌာန (JFO)ရဲ့ ဦးစီး အရာရှိဖြစ်ပြီး လက်ရှိ ဒွန်းဘက်စ်ဒေသမှာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေကို ကွပ်ကဲနေသူတွေထဲက တစ်ဦးပါ။

သူဟာ ပြီးခဲ့တဲ့နှစ်၊ မတ်လ ကတည်းက အဲဒီရာထူးကို လက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးအရှိန် မြင့်တက်နေချိန်မှာ ဇီလန်စကီးက မော်စကယ်လ်ယော့ဗ်ကို ထုတ်ပယ်လိုက်တာဟာ အံ့ဩစရာ အခြေအနေ တစ်ခုလို့ သတ်မှတ်နိုင်ပြီး ယူကရိန်း အစိုးရ အဖွဲ့တွင်းမှာ အဂတိ လိုက်စားမှုတွေ ရှိနေတယ်ဆိုတဲ့ ပြဿနာနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

JFOဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယား ဒေသကို ကျူးကျော် သိမ်းယူခဲ့တဲ့နောက် ဒေသတွင်း ယူကရိန်း ပြည်သူ့စစ်အဖွဲ့ တစ်ခုအနေနဲ့ စတင် ဖွဲ့စည်းခဲ့ပါတယ်။ ဒွန်းဘက်စ်မှာ အဓိက လှုပ်ရှားနေတဲ့ တပ်ဖွဲ့ဟာ နောက်ပိုင်းမှာ ယူကရိန်း အစိုးရ စစ်တပ် လက်အောက်ခံ ဖြစ်လာသလို ရုရှားရဲ့ ကျူးကျော်စစ် နောက်ပိုင်းမှာလည်း လက်သံပြောင်ပြောင် ခုခံ တိုက်ခိုက်ပြခဲ့ပါတယ်။

မော်စကယ်လ်ယော့ဗ် ထုတ်ပယ်ခံရတဲ့ ကိစ္စ မတိုင်ခင် ကတည်းက ယူကရိန်း စစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတချို့ ရှိခဲ့ပြီး ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်စီ ရက်ဇ်နီကော့ဗ်တောင် ထုတ်ပယ် ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ရက်ဇ်နီကော့ဗ်က မူလရာထူးမှာ ဆက်ရှိနေပြီး ဒုတိယ ကာကွယ်ရေး ဝန်ကြီး ၃ ဦးကိုပဲ အသစ်ခန့်အပ်ခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲ တစ်နှစ်ကျော်လွန်လာတဲ့ လက်ရှိ ကာလမှာတော့ နိုင်ငံ အရှေ့ပိုင်း၊ ဒွန်းဘက်စ် ပြည်နယ်ထဲက ဘက်ခ်မတ်မြို့မှာ နှစ်ဖက် တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်နေပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ယူကရိန်းဟာ ဘက်ခ်မတ်ကို သေချာပေါက် ဆက်ထိန်းချုပ်ထားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။

Facebook

You May Also Like

နိုင်ငံတကာ

သူက ရုရှားနိုင်ငံသားတွေပဲ တစ်နေ့နေ့ကျရင် စစ်ပွဲ လိုလားသူ ပူတင်ကို လုပ်ကြံလိုက်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒီကိစ္စကလည်း လူသတ်သမားကိုယ်တိုင် အသတ်ခံရတဲ့ အဓိပ္ပါယ်သာ ဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ဗီဒီယို

ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်တိုက်ခိုက်မှု တစ်နှစ်ပြည့်တဲ့ ကာလမှာ အမေရိကန်က အခုလို အားယုတ်စရာ အရှိတရား တစ်ခုကို ထုတ်ဖော် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ဟာ လောလောလတ်လတ် အနေနဲ့ ယူကရိန်းဆီ ခွဲဝေပေးဖို့ M1 Abramsတွေ ဖူဖူလုံလုံ မရှိဘူးလို့ စစ်တပ်...

ဗီဒီယို

ရုရှားဟာ ကျူးကျော်စစ် နှစ်ပတ်လည်နေ့မှာ ယူကရိန်းကို နောက်တစ်ကြိမ် အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ယူကရိန်း စစ်တပ်ဟာ ကာကွယ်ရေး အစီအမံတွေကို အစွမ်းကုန် ထောင့်စေ့အောင် ပြင်ဆင်နေပါတယ်။

သတင်း

ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။