Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်တိုက်ပွဲများမှ သေဆုံးစစ်သားများ၏ မိသားစုဝင်များ စစ်​ကောင်စီက မထောက်ပံ့၍ အလှူခံနေ

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

(ရခိုင်ပြည်နယ်မှ ရန်ကုန်​ရောက်လာ​ စစ်သားမိသားစုဝင်များကို စစ်​ကောင်စီက မ​ထောက်ပံ့၍ စစ်တပ်​ထောက်ခံသူအချို့က အလှူ​ငွေ​ကောက်၍ သွား​ရောက်​ပေး​ဝေနေစဥ်နှင့် ​ပေး​ဝေ​သောမုန့် ။ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူ​ဖေစ်ဘွခ်)

ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင် AAက ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်​ကောင်စီ၏ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်-စကခ (၉) လက်အောက်ခံတပ်ရင်းများမှ စစ်သားမိသားစုဝင်များသည် အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့်အဟာရပြတ်တောက်ပြီး ရန်ကုန်မြို့၊ ဘုရင့်နောင်အမှတ် (၁)စစ်ကြောရေးနှင့်တည်းခိုရေးတပ်သို့ ရောက်ရှိလာကြောင်း စစ်တပ်ထောက်ခံသူများက ပြောသည်။

စကခ(၉) လက်အောက်ခံ တပ်ရင်းများမှ မှီခို သက်ကြီးရွယ်အိုအမျိုးသား ၁၀ ဦး၊ စစ်သားများ၏ ဇနီး၅၃ဦး၊ အရွယ်ရောက်ပြီး ကလေး ကျား/မ ၂၈ဦး၊ အရွယ်မရောက်သေးသော ကလေး ကျား/မ ၂၁ဦး စုစုပေါင်း၁၁၂ဦးတို့သည် ဘုရင့်နောင် အမှတ် (၁)စစ်ကြောရေးနှင့်တည်းခိုရေးတပ်သို့ ရောက်ရှိနေပြီး စာရေးသောက်ရေးအခက်အခဲတွေ့နေ၍ အကူညီပေးကြရန် စစ်တပ်ထောက်ခံသူအချင်းချင်း လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အကူအညီတောင်းထားကြသည်ကို တွေ့ရသည်။

(ရခိုင်ပြည်နယ်မှ ရန်ကုန်​ရောက်လာ​ စစ်သားမိသားစုဝင်များကို စစ်​ကောင်စီက မ​ထောက်ပံ့၍ စစ်တပ်​ထောက်ခံသူအချို့က အလှူ​ငွေ​ကောက်၍ သွား​ရောက်​ပေး​ဝေနေစဥ်နှင့် ​ပေး​ဝေ​သောမုန့် ။ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူ​ဖေစ်ဘွခ်)
(ရခိုင်ပြည်နယ်မှ ရန်ကုန်​ရောက်လာ​ စစ်သားမိသားစုဝင်များကို စစ်​ကောင်စီက မ​ထောက်ပံ့၍ စစ်တပ်​ထောက်ခံသူအချို့က အလှူ​ငွေ​ကောက်၍ သွား​ရောက်​ပေး​ဝေနေစဥ်နှင့် ​ပေး​ဝေ​သောမုန့် ။ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူ​ဖေစ်ဘွခ်)

” ၅၀၀၊ ၁၀၀၀ တတ်နိုင်သလောက်လှူပေးကြပါ။ သွားလှူပေးပါ့မယ်”ဟု အဆိုပါသတင်းကို ပထမဆုံးစတင်ထားသည့် စစ်တပ်ထောက်ခံသူတစ်ဦးက လူမှုကွန်ရက်၌ ယ‌နေ့(ဖေဖော်ဝါရီလ ၂၀ရက်) အကူအညီတောင်းထားသည်ကို​တွေ့ရသည်။

စစ်တပ်မိသားစုဝင်များသည်အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် အဟာရများပြတ်တောက်ပြီး ရောက်ရှိလာသော ကျဆုံး/ပျောက်ဆုံး စစ်သည်များ၏ မိသားစုဝင်များဖြစ်သည်ဟု ဆိုသည်။

လက်ရှိအခြေအနေတွင် အ၀တ်အစားများ၊ အဟာရအတွက် အစားအစာများ၊ သုံးစွဲရန် ငွေကြေးများ ခက်ခဲနေကြပြီး နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာများ ထိခိုက်နေသည်ဟု ၎င်းက ​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

လှူဒါန်းရန် ဖုန်းနံပါတ်အချို့လည်းတင်ထားပြီး အလှူခံနေသည်ကိုတွေ့ရသည်။

“စစ်ခေါင်းဆောင်တွေဟာ အောက်ခြေကိုဘယ်လောက်တောင် ပစ္စလက်ခတ်ထားလဲဆို မြင်တဲ့တိုင်းပဲ။တပ်ထဲကိုပြန်ရောက်နေတာတောင် အထောက်အပံ့မလုပ်လို့ တပ်ထောက်ခံသူအချင်းချင်းအကူအညီတောင်းနေကြရပြီ”ဟု စစ်တပ်မိသားစုဝင်တဦးက ပြောသည်။

(ရခိုင်ပြည်နယ်မှ ရန်ကုန်​ရောက်လာ​ စစ်သားမိသားစုဝင်များကို စစ်​ကောင်စီက မ​ထောက်ပံ့၍ စစ်တပ်​ထောက်ခံသူအချို့က အလှူ​ငွေ​ကောက်၍ သွား​ရောက်​ပေး​ဝေနေစဥ်နှင့် ​ပေး​ဝေ​သောမုန့် ။ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူ​ဖေစ်ဘွခ်)
(ရခိုင်ပြည်နယ်မှ ရန်ကုန်​ရောက်လာ​ စစ်သားမိသားစုဝင်များကို စစ်​ကောင်စီက မ​ထောက်ပံ့၍ စစ်တပ်​ထောက်ခံသူအချို့က အလှူ​ငွေ​ကောက်၍ သွား​ရောက်​ပေး​ဝေနေစဥ်နှင့် ​ပေး​ဝေ​သောမုန့် ။ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူ​ဖေစ်ဘွခ်)

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်အောက်ခံတပ်ရင်းများကို ရက္ခိုင့်တပ်တော် AAက ဖေဖော်ဝါရီလဆန်းပိုင်းတွင် တပ်ရင်းတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်ရင်း ၁၀ ရင်းစလုံးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အား ဖေဖော်ဝါရီလ ၇ရက်နှင့်၈ ရက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာစဉ် တပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်ဖမ်းဆီးမိခဲ့ကြောင်းထုတ်ပြန်ထားသည်။ ထို့အပြင် ဖေဖော်ဝါရီလ (၇) ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ကြည်း အား အသေဖမ်းဆီးရမိခဲ့ပြီး ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူးဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဒဏ်ရာများဖြင့် ဖမ်းဆီးရမိထားကြောင်း AA က ထုတ်ပြန်ထားသည်။

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

ရက္ခိုင်တပ်​တော်က ရခိုင်ပြည်နယ်နှင့် ပလက်ဝ​ဒေသတိုက်ပွဲများတွင် ဖမ်းဆီးရရှိ​သော စစ်​ကောင်စီတပ်သား ​ထောင်နှင့်ချီရှိပြီး ရှိ​ကြောင်း AA က ​ဖေ​ဖော်ဝါရီ ၂၀ တွင်ထုတ်ပြန်သည်။ဖမ်းဆီးထား​သော စစ်သားများကိုစစ်သုံ့ပန်းဥပ​ဒေ ၊ နိုင်ငံတကာ ဥပ​ဒေ စည်းမျှဥ်များနှင့်အညီညအ​ရေးယူမည်ဖြစ်ပြီး ဒဏ်ရာရစစ်သားများကိုပင်​ဆေးကုသ​ပေး​နေသည်ဟုအသိ​ပေးသည်။ စစ်သားများ၏ မိသားစုဝင်များကိုလည်း လူသားချင်းစာနာ​ထောက်ထားစွာဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု နှင့် ​နေထိုင်စား​သောက်ရန်အ​ကောင်းဆုံး​ဆောင်ရွက်​ပေးထား​ကြောင်း AA က ထုတ်ပြန်သည်။

AA က ထိုသို့ စစ်သုံ့ပန်း နှင့်ညစစ်သားမိသားစုများကို ​နေထိုင်​ရေးစား​သောက်​ရေးနှင့်ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးထား​သော်လည်း စစ်​ကောင်စီကမူ ရခိုင်ပြည်နယ်မှ ရန်ကုန်​ရောက်လာ​သောစစ်သားမိသားစုများကို စားဝတ်​နေရေးအဆင်​ပြေ​အောင် မစီစဥ်​​ပေးဘဲ ၊မ​ထောက်ပံ့ဘဲထားခြင်းဖြစ်သည်။