Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများသည် မူးယစ်ဂိုဏ်း၏ ဂန်းစတားများဖြစ်ဟု AA ပြော

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

(အာဏာသိမ်းစစ်အုပ်စု​ခေါင်း​ဆောင်များကို အရပ်သားအစိုးရလက်ထက် ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲတက်ရန်​ရောက်လာစဥ်။ဓါတ်ပုံ- ရိုက်တာ)

ရှိုင်း/People’s Spring

စစ်ကောင်စီ အနေဖြင့် မူးယစ်ဆေးဝါး လုပ်ငန်းများ အပါအဝင် ရာဇဝတ်မှုမျိုးစုံ လုပ်ဆောင်နေပြီး ၎င်းတို့အနေဖြင့် ကျူးလွန်ခဲသည့် ရာဇဝတ်မှုမျိုးစုံကို မည်သည့်အချိန်မှ ဝန်ခံခဲ့ခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်သူ ဦးခိုင်သုခက ပြောကြားသည်။

ရက္ခိုင်ဒေသ စစ်မျက်နှာ၌ ရှုံးနိမ့်နေသည့် စစ်ကောင်စီက မူးယစ်ဆေးဝါးကိစ္စ အပါအဝင် AA အဖွဲ့အပေါ် နိုင်ငံရေး အောက်လုံးများ တောက်လျှောက်တိုက်ခိုက်နေခြင်းနှင့်ပတ်သက်ပြီး ဦးခိုင်သုကက လူမှုကွန်ရက်မှ တဆင့် ပြန်လည် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ARSA, ARA အဖွဲ့များကို အသုံးချပြီး ဘင်္ဂလားဒေ့ရှ် သို့ မူးယစ်ဆေးဝါး တင်ပို့မှုများ ရေရှည်လုပ်ဆောင်နေခဲ့ရာ ရက္ခိုင်ဒေသ အပါအဝင် မြန်မာ တစ်ပြည်လုံးနှင့် ဒေသတွင်း နိုင်ငံများကပါ သတိထားရမည့် ကိစ္စ ဟု ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

“တကယ်တော့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့မူးယစ်ဆေးဝါးတွေဟာ မြန်မာစစ်တပ်ကိုယ်တိုင် သူတို့ရဲ့ပြည်သူ့စစ်နယ်မြေတွေမှာစိုက်ပျိုးထုတ်လုပ်ပြီးတော့ သူတို့ကိုယ်တိုင် နိုင်ငံတကာကို ဖြန်းဖြူးတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်တွင်းက မူးယစ်ဆေးဝါးကိစ္စ၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုတွေအားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကထိန်းချုပ်လုပ်ကိုင်‌ေနတာဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာလဲ မူးယစ်ဂိုဏ်းရဲ့ Gangstar တွေဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ထို့ပြင် စစ်ကောင်စီသည် ရက္ခိုင်ဒေသ၌ ဘာသာရေးလူမျိုးရေးပဋိပက္ခများ ဖန်တီးထားခဲ့ရန် ကောက်ကျစ်စွာ လုပ်နေကြောင်းလည်း AAက ပြောသည်။

“အခုလက်ရှိမှာ အာရက္ခပြည် ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက်စစ်ကောင်စီဟာ မူဆလင်ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA နှင့် အခြားစွန်းရောက်မူဆလင်တွေကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေပါတယ်။ ဒီမူဆလင်အစွန်းရောက်အဖွဲ့တွေနှင့်စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ဘူးသီးတောင်မြို့ထဲက ရက္ခိုင်လူမျိုးတွေရဲ့အိမ်တွေ၊ တခြားဘာသာဝင်တွေရဲ့အိမ်တွေကို ဖောက်ထွင်းခိုးယူတာ မီးရှို့ဖျက်စီးတာတွေကိုလုပ်ဆောင်နေပါတယ်။ ဒါဟာ မူဆလင်တွေနှင့် တခြားဘာသာဝင်တွေကြား လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနှင့်ဖန်တီးနေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောကြားသည်။

၂၀၁၇ ဒေသတွင်းပဋိပက္ခတွေဖန်တီးရန် အားပေးအားမြောက် ပြုခဲ့သည့် အဖွဲ့များကို စစ်ကောင်စီ အကျိုးအတွက်ထုတ်သုံးလာသကဲ့သို့ တစ်ဖက်တွင်လည်း ၂၀၁၇ ကာလ၌ Genocide အလုပ်ခံရပါသည်ဟု ICJ ထိတက်ရောက်တရားစွဲခဲ့သူများက လူသတ်သမား ရာဇဝတ်ကောင်(စစ်ကောင်စီ)များနှင့် ပေါင်းသွားကြောင်း ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

AAသည် ၂၀၂၃ နိုဝင်ဘာလလယ်မှစ၍ ရက္ခိုင်ဒေသရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်လာခဲ့ရာ လက်ရှိတွင်ပလက်၀၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲမြို့များကိုသိမ်းပိုက်ထားပြီးမောင်တော၊ ဘူးသီးတောင် အပါအဝင် ရက္ခိုင်ဒေသ၌ ကျန်နေသည့် စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။