Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သားနှစ်ဦးသေဆုံး၊ ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရ

စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ခုနစ်လုံးပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ် အဝန်းကြီးရွာအတွင်း ၅လုံး ၊ ကျေးရွာဘေးတွင် နှစ်လုံး ပေါက်ကွဲခဲ့ပြီး အဝန်းကြီးရွာမှ လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု KNU သထုံခရိုင် အတွင်းရေးမှူးက ပြောသည်။

(ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူများရှိခဲ့သည်ဟု KNU သထုံခရိုင်အတွင်ရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

မေလ ၁၁ရက် နံနက်အစောတွင် ကျုံအိတ် တံတား မိုင်းခွဲခံရပြီး တံတားပျက်စီးခဲ့သည်။

ထို့နောက် နံနက် ၆နာရီ ၄၀မိနစ်ခန့်တွင် ဘီးလင်းမြို့နယ် ဇီးဝန်းရွာအနောက်ဘက် ကဇိုင်းနေရာရှိ စစ်ကောင်စီ၏ အမှတ်(၃၁၄) အမြောက်တပ်ရင်းမှ ကျေးရွာကိုပစ်မှတ်ထား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ခုနစ်လုံးပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ် အဝန်းကြီးရွာအတွင်း ၅လုံး ၊ ကျေးရွာဘေးတွင် နှစ်လုံး ပေါက်ကွဲခဲ့ပြီး အဝန်းကြီးရွာမှ လင်မယားနှစ်ဦး သေဆုံးခဲ့ရသည်ဟု KNU သထုံခရိုင် အတွင်းရေးမှူးက ပြောသည်။

ထို့ပြင် (၄)နှစ်နှင့် (၁၀)နှစ်အရွယ် ကလေးငယ် နှစ်ဦး၊ သက်ကြီးရွယ်အို တစ်ဦး အပါ၀အင် လေးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။

“အရပ်သားပြည်သူလူထုများ၏ ဘဝလုံခြုံမှု အသက်၊အိုးအိမ်၊စည်းစိမ်များကို အဖွဲ့အစည်းတိုင်း ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိ သည်။စကစ၏လုပ်ရပ်သည် အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး တိုက်ပွဲဖြစ်ပွားမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျေးရွာများသို့ လက်နက်ကြီးများလှမ်းပစ်နေမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်နေသည်ဟုပြောလိုပါတယ်”ဟု ပဒိုစောအေးနိုင်က ပြောသည်။

စစ်ကောင်စီသည် KNU နယ်မြေရှိ ကျေးရွာများသို့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုပ်လုပ်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ကျုံအိတ်တံတားသည် စစ်ကောင်စီတပ်၏ ကရင်၊ မွန်၊ တနင်္သာရီ ဒေသများသို့ စစ်ရေးအရ အရေးပါသည့် ထောက်ပံ့လမ်းကြောင်းမှ တံတားဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဇွန်လတွင် တစ်ကြိမ်၊ ယခုနှစ် မေလတွင် တစ် ကြိမ် မိုင်းခွဲဖျက်ဆီးခဲ့ရာ ဒုတိယအကြိမ်တွင် တံတား လုံး၀ပျက်စီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

စိတ်ဓာတ်ပိုင်းက အောက်စည်းရောက်နေတဲ့အပြင် စစ်ကောင်စီ တပ်တွေဟာ တပ်သားတွေ၊ သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီး ယူနစ်တွေနဲ့ လေတပ် ပစ်ကူတို့ကို ချိန်သားကိုက် ပူးပေါင်းပြီး ရွေ့လျားစစ်ဆင် ချီတက်ရတဲ့ အခြေအနေမှာ အတွေ့အကြုံ နည်းလွန်းတဲ့ ဟာကွက်ကြီး တစ်ခုလည်း ရှိနေပြန်ပါတယ်။

သတင်း

စစ်အုပ်စုဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်ကို ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းသို့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီသည် KNUနယ်မြေများအတွင်းရှိ အရပ်သား ပြည်သူများကို လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

သတင်း

အရှင်ဖမ်းမိထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၁ဦးမှာ ထွက်ပြေးရန်ကြိုးစားခဲ့ကြပြီး ကာကွယ်ရေးရဲဘော်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။