Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတွဲမြို့ ဆင်ခေါင်းရွာ၌ စစ်ကောင်စီလေကြောင်းနှင့်​ရေ​ကြောင်းမှတိုက်ခိုက်၍ ​ဒေသခံပြည်သူ ၁၀၀ခန့် သေဆုံးဟုသတင်းထွက်ပေါ်

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏အဆိုအရ AAသည် သံတွဲမြို့ကို သိမ်းပိုက်ရန် နီးစပ်နေပြီဟု ရေးသားဖော်ပြနေကြသည်။ စစ်ကောင်စီက လေကြောင်းနှင့် ရေတပ်မှ လက်နက်ကြီးများအဆမတန်ပစ်ခတ်၍ AAကိုခုခံတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

ဆင်​ခေါင်းရွာ Google Map
ဆင်​ခေါင်းရွာ Google Map

ဇော်ရမ်း/People’s Spring

တိုက်ပွဲများပြင်းထန်​နေ​သော သံတွဲမြို့ နယ်ရှိ ဆင်​​ခေါင်းရွာတွင် ဘေးလွတ်ရာသို့တိမ်းရှောင်ရန်ကြိုးစားသည့်ဒေသခံများအား စစ်ကောင်စီက ထွက်ခွင့်မပေးဘဲ ပိတ်ဆို့တားဆီးခဲ့ပြီးနောက် တိုက်ပွဲအတွင်းလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်၍ သေဆုံးသူပြည်သူ​သေဆုံးသူ ၁၀၀ခန့်အထိရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

“အဆိုးဆုံးက ဆင်ခေါင်းရွာဖြစ်ပါတယ်။ ဇွန်လ ၄ရက်ကတည်းက တော်တော်များများအဆက်အသွယ်ပြတ်နေတာ။ မနေ့ကတော့ တိုက်ပွဲတော်တော်ပြင်းထန်တယ်။ ဒေသခံတွေကထွက်ချင်တာကို စစ်တပ်ကပိတ်ထားတာ။ ပြီးတော့ လေယာဉ်ဗုံးကြဲတယ်။ လက်နက်ကြီးတွေပစ်တယ်။ဒီနေ့တော့ ဒေသခံတွေသေဆုံးတဲ့သတင်းတွေ ရထားတယ်။ အတည်မပြုနိုင်သေးပေမယ့် သေဆုံးသူတော်တော်များတယ်” ဟု ဇွန်လဆန်းအတွင်း ဆင်ခေါင်းရွာမှ ထွက်ပြေးတိမ်း ရှောင်လာ​​သောပြည်သူတစ်ဦးကပြောသည်။

(မေလအတွင်းစစ်တပ် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆင်​ခေါင်းရွာအတွင်းအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မေလအတွင်းစစ်တပ် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆင်​ခေါင်းရွာအတွင်းအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း ဆင်ခေါင်းရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီကလေကြောင်းမှာဗုံးကြဲတိုက်ခိုက်ခြင်း ၊ပင်လယ်ပြင်အတွင်းရှိစစ်တပ်​ရေယာဥ်များကလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ​ကြောင့် သေဆုံးသူအရပ်သားအရေအတွက်တစ်ရာနီးပါးရှိနေကြောင်း ရခိုင်အခြေစိုက်သတင်းဌာနများကလည်းရေးသားဖော်ပြနေကြသည်။ ဆင်​ခေါင်းရွာမှ ပြည်သူ​သေဆုံးမှူ အ​​ရေအတွက်ကို People’s Spring ကအတည်ပြုရန် ကြိုးစား​နေဆဲဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ဇွန်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှစတင်၍ ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မောင်ရွှေလေး ရေတပ်နှင့် ဘားဒါန်းတောင် အမြောက်စခန်းကလည်း လက်နက်ကြီး ရာနှင့်ချီ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနကဇွန်လ ၇ရက်ရေးသားဖော်ပြထားသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆင်ခေါင်းကျေးရွာမှာ ကျောင်းဆရာမများအပါအဝင် အရပ်သား ၁၀၀ ခန့် သေဆုံးမှုရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များကိုကိုးကား၍ Western News သတင်းဌာနက ရေးသားထားသည်။

(မေလအတွင်းစစ်တပ် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆင်​ခေါင်းရွာအတွင်းအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မေလအတွင်းစစ်တပ် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆင်​ခေါင်းရွာအတွင်းအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ဇွန်လ ၆ရက် တိုက်ပွဲတွင်ငပလီကမ်း​ခြေအနီးကိုစစ်​ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။မွန်းလွဲ၁ နာရီခန့်က ပစ်ခတ်မှုတွင် ငပလီကမ်း‌ခြေ Hilton Ngapali Hotle အနီးကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီသည် သံတွဲလေဆိပ်ကို ဇွန်လ ၅ရက်နံနက်မှစ၍ ခရီးသည်လေယာဉ်အတက်အဆင်း ပိတ်ပင်ထားသည်။ စစ်သုံးလေယာဉ်များ အတက်အဆင်းလုပ်ပြီး လူအင်အားနှင့်လက်နက်ခဲယမ်းများ ပို့ဆောင်နေသည်ဟု ဒေသခံများကပြောသည်။ ယနေ့လည်း တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီကလည်း လေကြောင်းရောလက်နက်ကြီးပါအသုံးပြုတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

“မိနစ်ပိုင်းတခါအနက်အဆင်းလုပ်ပြီး ပစ်ခတ်နေတာ။မြို့လယ်‌ ခေါင်ကလွဲလို့ ကျန်တဲ့နေရာတွေက မလုံခြုံဘူး။အန္တရာယ်ရှိတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

(မေလအတွင်းစစ်တပ် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆင်​ခေါင်းရွာအတွင်းအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မေလအတွင်းစစ်တပ် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆင်​ခေါင်းရွာအတွင်းအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏အဆိုအရ AAသည် သံတွဲမြို့ကို သိမ်းပိုက်ရန် နီးစပ်နေပြီဟု ရေးသားဖော်ပြနေကြသည်။ စစ်ကောင်စီက လေကြောင်းနှင့် ရေတပ်မှ လက်နက်ကြီးများအဆမတန်ပစ်ခတ်၍ AAကိုခုခံတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်များ၌ AA ထောက်ခံသည်ဟုစွပ်စွဲခံရ​သောရွာများကို ဗုံးကြဲဖျက်ဆီးပစ်ရန် လှုံ့‌ဆော်ရေးသားမှုများရှိနေသည်။ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှအရပ်သားများအား စစ်ကောင်စီကအစုလိုက်အပြုံးလိုက်သတ်ဖြတ်နေမှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဇွန်လ ၆ရက်က ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အလှည့်အပြောင်းကြောင့် မြန်မာဝယ်လက်တွေအပေါ် ပစ်မှတ်ထားနေတဲ့ ကွန်ဒို လုပ်ငန်းရှင်တွေ အနေနဲ့ အရောင်းပြပွဲတွေနဲ့ တခြားရွေးချယ်မှုတွေဆီ အာရုံပြောင်းပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့လည်း ပရာဆက်က သတိပေးသွားပါတယ်။

သတင်း

မောင်တောမြို့နယ်အတွင်း အခြားနေရာအချို့၌လည်း တိုက်ပွဲရှိခဲ့ပြီး စစ်ကောင်စီက သာယာကုန်းရွာ ဝန်းကျင်မှ ရွာသား ၅ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားရာ ၁ဦးသာ လွတ်မြောက်လာသည်ဟု ဆိုသည်။

သတင်း

စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက ဇွန်လ ၆ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လိုအပ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။