Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စာသင်ကျောင်းများပစ်မှတ်ထားတိုက်ခိုက်မှု နိုင်ငံတကာက တားဆီးအရေးယူရန် အထူးလိုအပ်နေကြောင်း NUG တောင်းဆို

စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက ဇွန်လ ၆ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

(ထားဝယ်မြို့၊ မူလတန်းကျောင်း ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးခဲ့သည့်ကလေးငယ်၊ ၂၀၂၂ စက်တင်ဘာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမူလတန်းကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးခဲ့သည့်ကလေးငယ်တစ်ဦးနှင့် စာသင်ခန်းအတွင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကောင်စီက စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကလေးသူငယ်များအတွက် နိုင်ငံတကာက ထိရောက်သော တားဆီးအရေးယူမှုများဆောင်ရွက်ရန် အထူးလိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စာသင်ကျောင်းများ ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက ဇွန်လ ၆ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

(ထားဝယ်မြို့၊ မူလတန်းကျောင်း ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးခဲ့သည့်ကလေးငယ်၊ ၂၀၂၂ စက်တင်ဘာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမူလတန်းကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးခဲ့သည့်ကလေးငယ်တစ်ဦးနှင့် စာသင်ခန်းအတွင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထားဝယ်မြို့၊ မူလတန်းကျောင်း ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးခဲ့သည့်ကလေးငယ်၊ ၂၀၂၂ စက်တင်ဘာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမူလတန်းကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးခဲ့သည့်ကလေးငယ်တစ်ဦးနှင့် စာသင်ခန်းအတွင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

အဆိုပါ ကြေညာချက်တွင် ဇွန်လ ၄ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်း ကျောင်းဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် သုံးဦးသေဆုံးပြီး ပြည်သူ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၅ရက်ကလည်း မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် လေးဦးထက်မနည်း သေဆုံးပြီး ပြည်သူ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများတွင် တပ်စွဲခြင်းတို့သည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း NUG၏ ပညာရေးဝန်ကြီးဌာနက သတိပေးသည်။

စာသင်ကျောင်းများကို စစ်ရေးအခြေစိုက်စခန်း အဖြစ်အသုံးပြုခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲနေခြင်းစသည့် အကြမ်းဖက် တရားမဲ့ လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ထားဝယ်မြို့၊ မူလတန်းကျောင်း ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးခဲ့သည့်ကလေးငယ်၊ ၂၀၂၂ စက်တင်ဘာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမူလတန်းကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးခဲ့သည့်ကလေးငယ်တစ်ဦးနှင့် စာသင်ခန်းအတွင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ထားဝယ်မြို့၊ မူလတန်းကျောင်း ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးခဲ့သည့်ကလေးငယ်၊ ၂၀၂၂ စက်တင်ဘာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမူလတန်းကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးခဲ့သည့်ကလေးငယ်တစ်ဦးနှင့် စာသင်ခန်းအတွင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ထို့အပြင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ထိခိုက်ခံစားနေရသည့် ကလေးသူငယ်များအတွက် နိုင်ငံတကာ အနေဖြင့် ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက် ပြီး ကလေးသူငယ်များအတွက် လုံခြုံစွာ ပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာစေရေး အတွက် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေကြောင်း ကြေညာချက်တွင် တောင်းဆိုထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြုံခဲ့ရသည့် မြိုင်နယ်မှ ပကဖအဖွဲ့ဝင်တစ်ဦးက “လေယာဥ်ကျတော့ ကာကွယ်ဖို့ရာကျ ခက်ခဲနေတဲ့အနေအထားပါ။ စစ်ကောင်စီက ဒီဘက်ကပညာရေးအဖွဲ့ကိုလည်း တော်လှန်ရေးလို့ပဲသတ်မှတ်တာ။ သူတို့ကနေရာမရွေး အချိန်မရွေး အကုန်ပစ်တာ။”ဟု မှတ်ချက်ပြုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားသည်။

(ထားဝယ်မြို့၊ မူလတန်းကျောင်း ဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးခဲ့သည့်ကလေးငယ်၊ ၂၀၂၂ စက်တင်ဘာက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမူလတန်းကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးခဲ့သည့်ကလေးငယ်တစ်ဦးနှင့် စာသင်ခန်းအတွင်းအခြေအနေအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ယခု ဇွန်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီသည် ပြည်သူလူထု အများဆုံးအသုံးပြုသည့် ဖေ့ဘုတ်နှင့် မက်ဆန်ဂျာ အသုံးပြုမှုခက်ခဲစေရန် VPN ပိတ်ဆို့မှုကို တိုးမြှင့်လုပ်ဆောင်နေ​ကြောင်း သိရသည်။

သတင်း

လက်ရှိတိုက်ပွဲများ မည်သည့်အချိန်၌ ပြီးမလဲဆိုသည်မှာ စစ်ကောင်စီဘက်က မည်သို့ တုန့်ပြန်သည်ဆိုသည့် အခြေနေနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။

သတင်း

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏အဆိုအရ AAသည် သံတွဲမြို့ကို သိမ်းပိုက်ရန် နီးစပ်နေပြီဟု ရေးသားဖော်ပြနေကြသည်။ စစ်ကောင်စီက လေကြောင်းနှင့် ရေတပ်မှ လက်နက်ကြီးများအဆမတန်ပစ်ခတ်၍ AAကိုခုခံတိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လိုအပ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။