close
Connect with us

Hi, what are you looking for?

သတင်း

ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးမည်မဟုတ်ဘဲ ၊ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ချဥ်းကပ်မှုဖြင့် တိုင်းပြည်ပြန်တည်ဆောက်မည်ဟု တော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့ ပူးတွဲကြေညာ

ဗဟိုအခြေပြုဖက်ဒရယ်စနစ် (HoldingTogther)ကိုလက်ခံကျင့်သုံးသွားမည်မဟုတ်ဘဲ၊ “ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စု အားကောင်းရေး” (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုဖြင့် သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းသွားမည်ဟုတိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်း ၉ ဖွဲ့က ပူးပေါင်း၍​ဖေ​ဖော်ဝါရီ ၁၂ ရက်တွင်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဟန်နွေ/People’s Spring

ဗဟိုအခြေပြုဖက်ဒရယ်စနစ် (HoldingTogther)ကိုလက်ခံကျင့်သုံးသွားမည်မဟုတ်ဘဲ၊ “ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စု အားကောင်းရေး” (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုဖြင့် သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းသွားမည်ဟုတိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်း ၉ ဖွဲ့က ပူးပေါင်း၍​ဖေ​ဖော်ဝါရီ ၁၂ ရက်တွင်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီများ စုစု​ပေါင်း ၉ ဖွဲ့၏ ပူးပေါင်းတွဲကြေညာချက်ကို ဖေဖော်ဝါရီလ (၁၂) ရက်တွင် ထုတ်ပြန်ကာ ယခုကဲ့သို့ ပြည်ထောင်စု တည်ဆောက်မှု ပုံစံကို ထပ်မံ အသိပေးခဲ့ခြင်းဖြစ်သည်။

ပူးတွဲကြေညာချက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB တို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

“ပြည်နယ် အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေး” ချည်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားသောအဖွဲ့အစည်းများ အားလုံးနှင့်အတူတကွလက်တွဲတော်လှန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/ လူမျိုးဖက်ဒရယ်ကောင်စီများ ပါဝင်သော အဖွဲ့အစည်း (၉) ဖွဲ့မှ ၂၀၂၄ စက်တင်ဘာတွင် သဘောထား ထုတ်ပြန်ခဲ့ပြီး ယခု ထပ်​လောင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗဟိုချုပ်ကိုင်မှုစနစ်သည် အစိုးရအဆက်ဆက်၏ ဆယ်စုနှစ် ခုနှစ်ခုကျော်တိုင် တည်ရှိနေသည့် နက်ရှိုင်းသော နိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးသည့် ထပ်ဆင့် ပြဿနာများကို ဖြစ်ပေါ်စေသည်မှာ ပကတိအရှိတရားပင် ဖြစ်သည်ဟုလည်း ဖော်ပြသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးကာလ/ကြားကာလ မှ စတင်ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေးစာတမ်း အဖြစ် ကျင့်သုံးဆောင်ရွက် သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေ အား စတင်ပြင်ဆင်ရေးဆွဲနေပြီ ဖြစ်သည်ဟုလည်း အသိပေးသည်။

ထို့ကြောင့်စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင် ကာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဗဟိုချုပ်ကိုင်မှု စနစ် (Centralization) အသစ်တဖန်ပြန်လည်အားကောင်းစေမည့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးသွားမည် မဟုတ်ကြောင်း ဖော်ပြသည်။

တအာင်းတပ်မတော်(TNLA) ကလည်း ဖေဖော်ါရီ ၁၂ရက် နေ့စွဲဖြင့် ၇၈ နှစ်မြောက်ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ပြည်ထောင်စုနိုင်ငံ အခြေမတည်နိုင် ပျက်စီးနေရခြင်း၊ နိုင်ငံတွင်းရှိ ဌာနေလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရခြင်းတို့၏အဓိကတရားခံသည် မြန်မာ စစ်ခေါင်းဆောင် စစ်အာဏာရှင် အဆက်ဆက်တို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာပြည်အတွင်းရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီဖြစ်ကြောင်း TNLA၏ သဝဏ်လွှာမှာ ဖော်ပြထားပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တို့ကို ထိုက်တန်စွာ ခံစားသင့်ပြီဖြစ်ကြောင်း၊ လူနည်းစု လူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသင့်ပြီဖြစ်ကြောင်း ၊ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နိုင်ငံရေး အနှစ်သာရကို လက်ရှိ တော်လှန်ရေးအင်အားစုများ ပြည့်ပြည့်၀၀ ကြိုးပမ်း အကောင်အထည်ဖော်သင့်ပြီဖြစ်ကြောင်း သဝဏ်လွှာ၌​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ