close
Connect with us

Hi, what are you looking for?

သတင်း

သိမ်းပိုက်ထားသည့် နယ်မြေများကို အခြေခံပြီး အစိုးရဖွဲ့ရန် တအာင်းပြည်ကောင်စီ-TLC ဖွဲ့စည်း

တအာင်းပြည် တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဆုံးဖြတ်

ဇွန်-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းပြည်ကောင်စီ -TLCကို ဖွဲ့စည်းလိုက်ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC က ကြေညာလိုက်ပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ယခုနှစ်အတွင်း အမြန်ဆုံး ဖွဲ့စည်းမည်ဟု အသိပေးသည်။

တအာင်းအမျိုးသားပါတီ-TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA နှင့် တအာင်းအရပ်ဘက်အစုအဖွဲ့များပါဝင်သည့် TPCC ၏ နိုင်ငံရေးထိပ်သီး အစည်းအဝေးကို ဇွန်လ ၁ရက်မှ ၃ရက်အထိ ကျင်းပခဲ့ပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တအာင်းပြည်ကောင်စီ(TLC)ကို တအာင်းတပ်မတော်(PSLF/TNLA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး တအာင်းအရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ် လွေးမိုးခမ်းက ဒုတိယဥက္ကဋ္ဌ (၁)အဖြစ်လည်းကောင်း၊ တအာင်းအမျိုးသားပါတီ ကိုယ်စားပြုအဖြစ် တားအေးမောင်က ဒုဥက္ကဋ္ဌ(၂)အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။

Public Service Announcement

Public Service Announcement

TLC အတွင်းရေးမှူးအဖြစ် လွေးပိုးကမဲ:ရှိူဝ်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်ကြီး လွေးယေ၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ် တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်း၊ လွေးမိုးလှိုင်တို့ ဖြစ်သည်။

“စုဖွဲ့မှုကတော့ TPCC ကို TLC အဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားတာ ဖြစ်ပါတယ် အဲဒီထဲမှာတော့ အစုအဖွဲ့ သုံးခုဖြစ်တဲ့ တအာင်းအမျိုးသားပါတီ -TNP ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး -PSLF/TNLA နှင့် တအာင်းအရပ်ဘက်အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မဏ္ဍိုင်ကြီး သုံးရပ်ကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်ဖို့အတွက်နဲ့ တော်လှန်ရေးကာလမှာ တအာင်းတွေရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဦးဆောင်ဖို့ စုဖွဲ့ထားခြင်း ဖြစ်ပါတယ်” ဟု TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်က ရှင်းပြသည်။

ယခုကျင်းပခဲ့သည့် တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးတွင် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ-TSCDC က ရေးဆွဲထားသည့် “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ” ကို လက်ခံအတည်ပြုခဲ့ရာ ထိုအစီအမံအရ ၂၀၂၁ ခုနှစ်၊ မတ်လ(၂၄)ရက်တွင် ဖွဲ့စည်းတာဝန်ယူခဲ့သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC အား တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော အဓိကမဏ္ဍိုင်ကြီး(၃)ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“တအာင်းပြည်ကောင်စီ” Ta’ang Land Council-TLC ကို တအာင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ထုတ်ပြန်သည်။

တော်လှန်းရေးကာလအတွင်း TPCC က မဟာမိတ်တော်လှန်ရေးအင်အားစုများဖြင့် ဆက်လက်လက်တွဲ လုပ်ဆောင်သွားမည်ဟုလည်း အသိပေးသည်။

တအာင်းပြည်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကြီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်များ ဦးဆောင်ပြီး ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီ(စကစ)အား ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သည့် နယ်မြေများကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို အစုအဖွဲ့(၃)ဖွဲ့၏ ခေါင်းဆောင်ကိုယ်စားလှယ်များအပြင် သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ဖွဲ့စည်းနိုင်ရန်အတွက် အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း TPCCက ထုတ်ပြန်အသိပေးသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ့်ခမ်း စသည့် မြို့နယ် ၁၂ ခုကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို အတူပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသော ချင်းအမျိုးသားခေါင်းဆောင်များနှင့် ချင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့အသီးသီးကို ဂုဏ်ယူစွာ ကမ္ဗည်းမှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း NUGက ယနေ့ ကျရောက်သည့် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

သတင်း

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး" (Bottom-up Federalism Approach) အခြေခံချည်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေးကြိုးပမ်းသွားမည်ဖြစ်ရာ အဆိုပါဆုံးဖြတ်ချက်၌ အခြားတော်လှန်ရေး အင်အားစုများပါဝင်ရေး ညှိနှိုင်းနေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။

သတင်း

စစ်ကောင်စီကျူးလွန်နေသည့် ရာဇဝတ်မှုများ ထိရောက်စွာ အရေးယူရန်နှင့် လက်နက်ခဲယမ်း လေယာဉ်ဆီ ရောင်းချမှုများ ရပ်တန့်ပေးရန် တောင်းဆို

သတင်း

တအာင်းအမျိုးသားနိုင်ငံ ရေးရည်မှန်းချက်အမြန်ပြည့်ဝအောင်မြင်ရန် တအာင်းပြည်သူတရပ်လုံးအား စည်းရုံးလုပ်ဆောင်သွားမည်ဟုလည်းTPCCကအသိပေးကြေညာခဲ့သည်။