close
Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇စစ်ဆင်ရေး၂လကျော်အတွင်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ကျော်သေဆုံးဟု တအာင်း TPCC ထုတ်ပြန်

စစ်ကောင်စီကျူးလွန်နေသည့် ရာဇဝတ်မှုများ ထိရောက်စွာ အရေးယူရန်နှင့် လက်နက်ခဲယမ်း လေယာဉ်ဆီ ရောင်းချမှုများ ရပ်တန့်ပေးရန် တောင်းဆို

ယနေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဆင်နွှဲမှု ၂လကျော်အတွင်း စစ်ကောင်စီတပ်က စစ်ဘက်နှင့် မသက်ဆိုင်သည့်အပြစ်မဲ့အရပ်သား ပြည်သူများ နေထိုင်ရာလေကြောင်းတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၀၁ဦးသေဆုံးကာ ၂၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

ထို့ပြင် လူနေအိမ်၊ စျေး စာသင်ကျောင်းနှင့် အဆောက်အဦ ၁၇၀ ကျော် ထိခိုက်မီးလောင်ပျက်စီးခဲ့ကြောင်း အသိပေးသည်။ TPCC အနေဖြင့် အသက်ဆုံးရှုံးခဲ့သူများနှင့်ထိခိုက်နစ်နာသူများ အားလုံးအတွက် ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

TPCC၏ ဖော်ပြချက်တွင် စက်တင်ဘာ ၆ရက်က ကလေးငယ် များအပါအဝင် အရပ်သား ပြည်သူ ၁၁ဦး သေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့သည့်နမ့်ခမ်းမြို့ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် စစ်ကောင်စီတပ်၏ အစုလိုက်၊အပြုလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ပါရှိသည်။ ထို့ပြင် ကလေးငယ်၇ဦး အပါအဝင် အရပ်သား ၉ဦးသေဆုံးခဲ့သည့် ကရင်နီဒေသ ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှု ကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။ ထိုကဲ့သို့သော အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက ပေါ်ပေါ်တင်တင်ကျူးလွန်နေသည်မှာ ထင်ရှားနေသည်ဟု TPCCက ထုတ်ပြန်သည်။

ယနေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

ဖယ်ခုံမြို့နယ် နန်းမယ်ခုံ ၊ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်၊ချင်းပြည်နယ် မင်းတပ်မြို့နယ် ၊ ရှမ်းမြောက်ရှိ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ကွတ်ခိုင်မြို့များတွင် စစ်ကောင်စီက ဖျက်အားပြင်း အမျိုးအစား ဗုံးများအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲံမှုကြောင့် အရပ်သားသေဆုံးထိခိုက်မှု နေအိမ်ပျက်စီးမှု များ ရှိခဲ့သည့်အပေါ် TPCCက မီးမောင်းထိုး ဖော်ပြသည်။

ထိုသို့ စစ်ကောင်စီက နိုင်ငံတကာဥပေဒများ ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများ ၊ လူသားမျိုးနွယ် အပေါ် ပြစ်မှု ကျူးလွန်ခြင်းများအစုလိုက်၊ သတ်ဖြတ်ခြင်းများ နေ့စဉ်ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်ကာ တအာင်းပြည်အပါအဝင်နေရာအနှံ့ရှိ ပြည်သူများ၏ ရပ်ရွာများရှိရာသို့ရည်ရွယ်ချက်ရှိရှိအကြမ်းဖက် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်နေမှုများကို ဆက်လက်လျစ်လျူရှုမနေရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ တောင်းဆိုထားသည်။

ယနေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

နိုင်ငံတကာအနေဖြင့် စစ်တပ်မှကျူးလွန်နေသည့်ရာဇဝတ်မှုများကိုဥပဒေအရ ထိရောက်သည့် အပြစ်ပေး အရေးယူမှုများ၊နိုင်ငံအသီးသီးမှ လက်နက်ခဲယမ်းများ ၊လေယာဉ်ဆီရောင်းချမှုများ ရပ်တန့်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများတိုးမြှင့်ကူညီမှုများ အမြန်ဆုံး အကောင်အထည်ဖော်ရန် TPCCက တိုက်တွန်းသည်။

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်၊ ကချင်၊ ရက္ခိုင်၊ ကရင်နီ၊ ကရင်၊ ချင်းနှင့် စစ်ကိုင်း၊ မကွေးအပါအဝင် နေရာ ဒေသအသီးသီး၌ စစ်ရေးအရ ရှုံးနိမ့်နေသည့် အခြေအနေတွင် အရပ်သားနေထိုင်ရာများကိုပါ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ယနေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း၌ အရပ်သား ပြည်သူ ၃၉ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် လက်နက်ကြီး ၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့်လည်း အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ထိုသို့ အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် လူစိတ်ပျောက်နေသည့် စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး စစ်ကောင်စီနှင့် အပေါင်းအပါများကို ပြင်းထန်စွာ အရေးယူနိုင်ရေးဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်း​ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများနှင့် ဂိတ်များအား ဒေသတွင်း PDFတပ်ဖွဲ့များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုံးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားကွင်းအပြင် Silver Sky Hotelကိုလည်း လေကြာင်း တိုက်ခိုက်ခဲ့ကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

Facebook