close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်ကရွာခုနှစ်ရွာမှာတိုက်ပွဲ​ဖြစ်​နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော် -TNLAမှ ရဲဘော်တွေကို တိုက်ပွဲအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

ဇွန်-၂၁၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

နောင်ချိုမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်း သုံးခုလုံးနဲ့ တော်လှန်ရေးတပ်တွေဟာ ကျေးရွာခုနစ်ရွာမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။

နောင်ချိုမြို့တောင်ဘက် တောင်းခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့တောင်းခမ်း-ကံကြီးလမ်းပိုင်းက စစ်ကောင်စီတပ်နဲ့ လက်ပန်ကုန်း၊ သရက်ကုန်းနဲ့ လုံဝယ်ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး တောင်းခမ်းကနေလာတဲ့ ကံကြီးရွာ အရှေ့ဘက်က တောင်းခမ်း – မဲပုတ် – နောင်ချိုလမ်းပိုင်းက စစ်တပ်နဲ့ ဉာဏ်တောနဲ့ရွှေသွန်းကျေးတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြင်ဦးလွင်-ဝက်ဝံ-ဘန့်ဘွေး-နောင်ချိုလမ်းပိုင်းကလာတဲ့ စစ်​ကြောင်းနဲ့ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းကိုစစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့နယ်လို့ အသိပေးထားပါတယ်။

ဇွန်လ ၂၀ရက် နံနက်က ကံကြီးရွာရဲ့ အရှေ့ဘက်က စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ပိန္နဲကုန်းနဲ့ ဉာဏ်တော‌ကျေးရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး(၁၃)လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

နံနက် ၈နာရီခွဲအချိန်မှာလည်း သရက်ကုန်းကျေးရွာနဲ့ ကန်ကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး အဲဒီတိုက်ပွဲအတွင်းကို လက်နက်ကြီး(၂၀)လုံး၊ ဒရုန်းနဲ့ ဗုံး(၁၁)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် လက်ပန်ကုန်း‌ကျေးရွာနဲ့ လုံဝယ် ကျေးရွာ တိုက်ပွဲအတွင်းကိုလည်းစစ်တပ်ကလက်နက်ကြီး(၄၆)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေသွန်းကျေးရွာတိုက်ပွဲကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး(၅၃)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၁၅)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်-ဝက်ဝံလမ်းပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဆမ္မဆယ်ကျေးရွာနဲ့ အုမ္မသီးကျေးရွာမှာတိုက်ပွဲဆက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာနောင်ချိုထိုးစစ်အတွက် အင်အားအများအပြားပို့ဆောင်နေတယ်လို့ ပြင်ဦးလွင်မြို့ခံအချို့က ပြောပါတယ်။ ဒီကနေ့ (ဇွန်လ၂၁)မှာလည်း ပြင်ဦးလွင်မြို့ကနေ စစ်ကားတွေ အများအပြား နောင်ချိုဘက်သွားတယ်လို့ ပြောပါတယ်။

“မြို့ပတ်လည်မှာ လက်နက်ကြီးသံတွေကြားနေရတာတနေကုန်ပဲ။တိုက်ပွဲကပိုကြမ်းလာတယ်”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့နယ်မှာ နေရာအနှံ့တိုက်ပွဲဖြစ်နေပြီး စစ်မျက်နှာပြင်ကျယ်ပြန့်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်မှာမဟုတ်ဘဲ တဖက်သတ်အပစ်ရပ်ကာလကို ဇွန်လကုန်အထိ့ထပ်တိုးထားနေစဉ်မှာ စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLAရဲ့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေတယ်လို့ Lion Battalion စစ်ကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောပေါ်ဦးကပြောပါတယ်။

သတင်း

လပခ က မန္တလေး-မတ္တရာကားလမ်းပိုင်းကို ပြန်မရရင်တပ်ပြန်ဆုတ်ခွင့်မပြုပဲ မရမချင်းတိုက်ရမယ်လို့အမိန့်ပေးထားဟုဆို

သတင်း

အမ်း-ပဒါန်းလမ်းပိုင်းအနီးရှိ နတ်ရေကန်ဗျူဟာအနီး၌ ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေရာမှ ယနေ့(ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘို-မန္တလေးလမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ကားအစီးရေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။