close
Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့တွင် ဓားဖြင့်ထိုးလုယက်မှု အမျိုးသမီးတစ်ဦးသေဆုံး

မူဆယ်မြို့တွင် အုပ်စုဖွဲ့လုယက်သူတစ်စုက အမျိုးသမီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးပြီးလုယက်၍ အဆိုပါအမျိုးသမီး သေဆုံးသွားခဲ့သည်။

မူဆယ်မြို့လယ်တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၂၆၊၂၀၂၅။လူအေး/People’s Spring

မူဆယ်မြို့တွင် အုပ်စုဖွဲ့လုယက်သူတစ်စုက အမျိုးသမီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးပြီးလုယက်၍ အဆိုပါအမျိုးသမီး သေဆုံးသွားခဲ့သည်။

ယနေ့ (ဇူလိုင် ၂၆ရက်)နံနက်ကမူဆယ်မြို့တောင်ပေါ်ဘုရားသွားလမ်းတွင် အသက်(၄၀)အရွယ်ခန့် အမျိုးသမီးတစ်ဦးမှာ ဓားဖြင့် အချက်ပေါင်းများစွားထိုးပြီး လုယက်ခံရခြင်းဖြစ်သည်။ထိုနေရာသည် မူဆယ်မြို့အနီးပင် ရှိသည်။

” ဘုရာသွားတဲ့လမ်းပေါ်မှာ ဖြစ်တာ။ ရက်ရက်စက်စက်ကြီး”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားသုံးဦးပါအဖွဲ့က ဓားဖြင့်ထိုးသွားသည်ဟု သတင်းရရှိထားကြောင်း ၎င်းကပြောသည်။

ဓားဖြင့်ထိုးခံရသောအမျိုးသမီးကို ဒေသခံများက ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

” တစ်ကိုယ်လုံးမြင်လို့မကောင်းဘူး။ မူဆယ်ရဲ့တရားဥပဒေစိုးမိုးရေးက လုံးဝအဖတ်ဆယ်လို့မရတော့ဘူး။ ဘယ်သူကမှလည်းအကာအကွယ်မပေးနိုင်တော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

မူဆယ်မြို့သည်တရုတ်နိုင်ငံနှင့်နယ်စပ်အဓိကကုန်သွယ်ရေးမြို့ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့သည့်၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မတိုက်ခိုက်ဘဲ ချန်ထားခဲ့သည့်မြို့ဖြစ်သည်။

မူဆယ်အနီး(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကိုမဟာမိတ်ညီနောင်များကသိမ်း ယူထားပြီး မူဆယ်မြို့ပေါ်ကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထား သည်။

လက်ရှိအခြေအနေသည် မူဆယ်မြို့ပေါ်၌ တရားဥပဒေစိုးမိုးမှုလုံးဝမရှိတော့ဘဲ ဓားပြတိုက်မှုများ၊ လုယက်မှုများ၊ ပြန်ပေးဆွဲမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း မြို့ခံများက ပြောသည်။

ဇူလိုင်၂၄ရက်ကမူဆယ်မြို့မီးသတ်တပ်ဖွဲ့ရုံးအနီးတွင်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်အဖွဲ့နှင့်ဆက်စပ်သော လူအချို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအနီး အရပ်သားအမျိုးသမီးနှစ်ဦးအား သေနတ်သမားနှစ်ဦးက ယ​နေ့ည​နေတွင်လူမြင်ကွင်း၌ပစ်ခတ်သတ်ဖြတ်သွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် အမျိုးသားတစ်ဦး လက်ကို သံကြိုးတုပ် သတ်ဖြတ်ခံရပြီး ရုပ်အလောင်းအား အဝတ်နှင့်ထုပ်ကာ အမှိုက်ပုံ၌ စွန့်ပစ်ခံထားရသည်။

သတင်း

မန္တလေးမြို့လယ်ခေါင် လူစည်ကားရာနေရာမှာ မနေ့ (ဇွန်လ ၆ ရက် ) က အမျိုးသမီး တစ်ဦး ကို ဓားနဲ့ရန်ပြုပြီး ငွေလုယက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့မြို့ခံအချို့ဆီ ဆီကသိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးကို အိမ်စီးကားဖြင့် အုပ်စုဖွဲ့လုယက်သူများက ခြိမ်းခြောက်လုယက်သွားသည်။

Facebook