close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၈) မှာ ဆက်လက်ပြုလုပ်ကြပါတယ်။

ထုတ်ကုန်မသုံးစွဲဖို့ ကရင် နဲ့ စစ်ကိုင်းမှာဆန္ဒပြ

ဇန်နဝါရီ ၁၈၊၂၀၂၆။ သုည/People’s Spring

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့ ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၈) မှာ ဆက်လက်ပြုလုပ်ကြပါတယ်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ လူစည်ကားရာနေရာတွေမှာ ဒေသခံပြည်သူတွေက စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်တွေကိုင်ပြီး ရွေးကောက်ပွဲဲဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခြင်း၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းမှ တော်လှန် ကျောင်းသား၊ ကျောင်းသူတွေကို စာရေးကရိယာလှူဒါန်းပြီး “ ကျောင်းသား ကျောင်းသူတွေဟာ နိုင်ငံရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေ ဖြစ်တာကြောင့် အခုလို တော်လှန်ရေးရဲ့ တတ်ဦး ကနေ အမြဲ ရပ်တည် တော်လှန် ပေးဖို့” အားပေးလှုံ့ဆော်ခဲ့ပါတယ်။

ဒါ့အပြင် အောင်လံလွှင်မည်ရွှေရေကြည် ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း ဝက်လက်မြို့နယ်လူထုသပိတ်၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ မြောင်လူထုသပိတ်၊ ဒီပဲယင်းမြို့နယ်သပိတ်အင်အားစုနဲ့ ငြိမ်းချမ်းရေး စာသင်ခန်း တို့ ပူးပေါင်းပြီး “ ဘူးသပိတ်ဆင်နွှဲ ဖက်ဆက်ဆစ်ဖြိုလှဲ” ဘန်နာစာသားတွေ ချိတ်ဆွဲကာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး အထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင်သပိတ်ဦးဆောင်သူတွေကတော်လှန်ရေးကာလ ၅ နှစ်အတွင်းရောက်ရှိလာပြီး ပြည်သူတွေ တော်လှန်ရေးကို မငြီးငွေ့စေဖို့နဲ့ အမောပြေစေဖို့ တော်လှန်ရေးသီချင်းတွေကို ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကကျင်းပနေတဲ့ရွေးကောက်ပွဲကိုကရင်အမျိုး သားအစည်းအရုံး (KNU) ရဲ့အုပ်ချုပ်ရေးနယ်မြေ ဒူပလာယာခရိုင်(ကော့ကရိတ်)မှာလူထုက ဇန်နဝါရီလ ၉ ရက်မှာ ဆန့်ကျင် ကန့်ကွက်ကြောင်းချီတက်ဆန္ဒပြခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန် ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားနေပြီး လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၄) မှာ ပြုလုပ်ခဲ့ပါတယ်။