close
Connect with us

Hi, what are you looking for?

သတင်း

ရေဦးမှာပေါ်တာဆွဲခံထားရတဲ့ လူငယ် ၁၀ ဦး အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ် ၁၀ ဦးဟာ အချုပ်ခန်းဖောက်ကာထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးပကဖရဲ့ တာဝန်ရှိသူက ပြောပါတယ်။

(စစ်မှုထမ်းသင်တန်းကျောင်းရောက် အဓမ္မစစ်မှုထမ်းခံရတော့မည့် လူငယ်အချို့အား တွေ့ရစဥ်။ ။ဓါတ်ပုံ-ပသစ)

နိုဝင်ဘာ-၂၆၊၂၀၂၆။ဟာနာဆန်၊ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ် ၁၀ ဦးဟာ အချုပ်ခန်းဖောက်ကာထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးပကဖရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က( နိုဝင်ဘာ ၂၅ ရက်)မွန်းလွဲ ၂ နာရီခွဲခန့်က ရေဦးမြို့၊ အထက၂ စာသင်ကျောင်းထဲက ဆောက်ထားတဲ့ အချုပ်ခန်းထဲမှာ စစ်မှုထမ်းခိုင်းဖို့ မတရားဖမ်းဆီးခံထားရတဲ့ လူငယ် (၁၀)ဦးဟာ အဲဒီအချုပ်ခန်းကို ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“စာသင်ဆောင်ကိုအချုပ်ခန်းအဖြစ်အသုံးပြုထားတာ။ကျောင်းဆင်းချိန်အချုပ်ဖောက်ပြီး ကျောင်းသားတွေအကြားမှာရောပြီး ထွက်ပြေးလာကြတာ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာ ရေဦးမြို့နယ်ထဲကတင်မကဘဲ စစ်ကိုင်းတိုင်းထဲက ကလေးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ခင်ဦးမြို့နယ်နဲ့ မကွေးတိုင်းက ရေစကြိုမြို့နယ်ကအထိပါ ပါဝင်ကြောင်း စုံစမ်းသိရပါတယ်။

လွတ်မြောက်လာသူတွေကို လွတ်မြောက်နယ်မြေမှာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ရေဦးမြို့ပေါ် အထက်တန်းကျောင်းမှာစစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၁၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါသေးတယ်။

ထွက်ပြေးလာသူတွေဟာ အသက် ၂၅ နှစ်ကနေ ၃၀ခန့်အရွယ်အမျိုးသားတွေဖြစ်ပါတယ်။ သူတို့ထဲမှာ စစ်ကိုင်းတိုင်းအတွင်းမြို့အချို့က စစ်တပ်ရဲ့လဝကရုံးမှာ မှတ်ပုံတင်သွားလုပ်ရင်းစစ်မှုထမ်းစုဆောင်းခံရသူတွေအပြင် အိမ်မှာနေရင်းညဘက် ဝင်ဖမ်းပြီးစစ်သားစုဆောင်းခံရသူတွေပါတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ဒီဇင်ဘာလမှာစစ်မှုထမ်းအပတ်စဥ်(၃၁)ကို စတင်ဖို့ ကြိုးစားနေပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်းပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်မျက်နှာအသီးသီးမှာလည်း အာဏာသိမ်းစစ်ကောင်စီဘက်က သေဆုံးထိခိုက်တာတွေ များနေပြီး တပ်သားလိုအပ်ချက်များနေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်နေတာ​ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ