သိန်းငှက်၊စွန်ရဲ စတဲ့ ယဉ်ပါးအောင် မွေးမြူထားတဲ့ အသားစားငှက်တွေနဲ့ အမဲလိုက်ပြိုင်ပွဲ မန္တလေးမှာ ကျင်းပ

ယဉ်ပါးအောင် မွေးမြူထားတဲ့ သိန်းငှက်၊ စွန်ရဲ၊ လင်းယုန် စတဲ့ အသားစားငှက်တွေနဲ့ ပါဝင်ယှဉ်ပြိုင်ရတဲ့ အမဲလိုက်ပြိုင်ပွဲတစ်ခုကို မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီပြိုင်ပွဲ ကျင်းပတာဟာ သုံးကြိမ်ရှိပြီ ဖြစ်ပြီးတော့ သိန်းငှက်၊ လင်းယုန်၊ စွန်ရဲ စတဲ့ အသားစားငှက်တွေကို ထိန်းသိမ်းမွေးမြူသူ (၁၀)ဦးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဓိကပြိုင်ပွဲ အမျိုးအစားတွေက အမဲလိုက်(Hawking)၊ ဝဲပျံ (Soaring)၊ သားကောင်အတုနဲ့ ကစားပြခြင်း (Lure swing) စတာတွေ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

အသားစားငှက် အမဲလိုက်ပြိုင်ပွဲကို Myanmar Falconry Club က ဦးဆောင်ကျင်းပတာ ဖြစ်ပြီး  ဒီဇင်ဘာ(၂၈)ရက် မနက်ပိုင်းက မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် Nature Life မြင်းစီးကွင်းမှာ ကျင်းပခဲ့တာပါ။

ရိုက်ကူး၊ တင်ဆက် – ကိန်းခ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်