မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိမူနှင့်ပတ်သက်၍ AA အဖွဲ့နှင့်ဆက်နွယ်သူ အမျိုးသား(၆)ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်

သတင်း၊ဓါတ်ပုံ – ကိုနေကို၊ မောင်မင်းမော် (Mandalay In-depth News)

မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AA (ရခိုင်လက်နက်ကိုင်အဖွဲ့) နှင့် ဆက်နွယ်သူ အမျိုးသား(၆)ဦးကို ယနေ့(အောက်တိုဘာ၈ရက်)တွင် မန္တလေးခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိမူနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို မန္တလေးခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - ကိုနေကို။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် AA အဖွဲ့ဝင်ဟု ယူဆရသည့် အမျိုးသားလေးဦးကို ဒီတိုနေတာများ၊ ဂြိုဟ်တုဖုန်းများ၊ မှန်ပြောင်းများ၊ ယမ်းဟုယူဆရသည့် ပစ္စည်းများအပါအဝင် ဖောက်ခွဲရေးပစ္စည်း အများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိမူနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို မန္တလေးခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - ကိုနေကို။

အဆိုပါ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိမူနှင့်ပတ်သက်၍ အမျိုးသား(၅)ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့အနက် နှစ်ဦးမှာ AA (ရခိုင်လက်နက်ကိုင်အဖွဲ့)မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အတည်ပြု ပြောကြားထားသည်။  

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိမူနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို မန္တလေးခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - ကိုနေကို။

ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာတွင်မူ အမျိုးသား(၆)ဦး ဖြစ်သည်။

ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသားလေးဦးကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်းတွင် အကြမ်းဖက်မူတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ)ဖြင့် အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိမူနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို မန္တလေးခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ ဓါတ်ပုံ - ကိုနေကို။

အကြမ်းဖက်မူတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၅၀(ဈ)နှင့် ပုဒ်မ ၅၁(ဂ)တို့သည် အကြမ်းဖက်ဗုံခွဲတိုက်ခိုက်ခြင်းနှင့် ထိုသို့ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ရန် အားပေးကူညီသည့်အနေဖြင့် ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းဆိုင်ရာ ပြစ်မူပုဒ်မများဖြစ်သည်။ ပြစ်ဒဏ်စီရင်ခြင်းခံရပါက အကြမ်းဖက်မူ တိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၀(ဈ)အရ ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး တစ်သက်အထိ ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကြမ်းဖက်မူ တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)အရလည်း ထောင်ဒဏ်ငါးနှစ်မှ ဆယ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက်တွင် ဖော်ပြထားသည်။

#Mandalay_Indepth_News

#Mandalay_Crimes_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်