Mandalay In-depth News၊ ဇန်နဝါရီ-၂၃
ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့် ကြားဖြတ်စီမံ ဆောင်ရွက်ချက် (၆)ချက်ထဲမှ အချက်(၄)ချက် လိုက်နာဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က မြန်မာအပေါ် အမိန့်ချမှတ်လိုက်သည်။
လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုထားပြီး “Provisional Measures” ခေါ် ကြားဖြတ် စီမံဆောင်ရွက်ချက် အချက်(၆)ချက်ကို ချမှတ်ပေးရန် တောင်းဆိုထားသည်။
ထိုသို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ICJ က ယနေ့ ဇန်နဝါရီ(၂၃)ရက်တွင် ဆုံးဖြတ်ရာ၌ ဂမ်ဘီယာကို အနိုင်ပေးလိုက်ခြင်း ဖြစ်သည်။
လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာ(၁၀)ရက်မှ (၁၂)ရက်အထိ ICJ တွင် နှစ်ဖက်လျှောက်လဲချက် တင်သွင်းခဲ့သည်။
ထိုသို့ လျှောက်လဲချက် တင်သွင်းရာတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုနှင့်ပတ်သက်၍ အမှုကို စာရင်းမှ လုံးဝပယ်ဖျက်ပေးဖျက်ပေးရန်နှင့် ပယ်ဖျက်ပေးခြင်း မရှိပါကလည်း ဂမ်ဘီယာက တောင်းဆိုထားသည့် ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့အမိန့်အား ချမှတ်ခြင်း မပြုရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကိုယ်စား တောင်းဆိုထားသည်။
ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသည့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်(၆)ချက်အနက် အောက်ပါ အချက်(၄)ချက်ကို မြန်မာနိုင်ငံအနေဖြင့် လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။
(၁) လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ယူဆနိုင်သည့်၊ လူမျိုးတုန်း သတ်ဖြတ်မှုဆီ ဦးတည်နိုင်သည့် အရာအားလုံးကို မြန်မာအစိုးရအနေဖြင့် ရပ်တန့းက ရပ်တန့်ပေးရန်၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိုးအိမ်အဆောက်အဦးများ မီးရှိုးဖျက်ဆီးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်ခြင်း မပြုရန်၊
(၂) မြန်မာစစ်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ အခြား လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှ လူမျိုးတုန်းသတ်ဖြတ်မှုများ ထပ်မံ မကျူးလွန်ရန်၊ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း မပြုရန်၊
(၃) ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ သက်သေအထောက်အထားများ ဖျက်ဆီးခြင်း မပြုရန်၊
(၄) ကြားဖြတ်စီမံချက်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်များကို လေးလအတွင်း အစီရင်ခံတင်ပြရန် တို့ဖြစ်သည်။

Ref; BBC.
#Mandalay_Indepth_News
.