မန္တလေးတွင် ကျောင်းသားကလေးငယ် (၇)ဦး အင်းအတွင်း ရေဆင်းကူးရာမှ ညီအကိုနှစ်ဦး ရေနစ်သေဆုံး

အမ်တီ၊ စက်တင်ဘာ-၂၈

မန္တလေးမြို့တွင် မူလတန်းနှင့် အလယ်တန်းအရွယ် ကျောင်းသားကလေးငယ် ခုနှစ်ဦး အင်းအတွင်း ရေဆင်းကူးရာမှ ညီအကိုနှစ်ဦး ရေနစ်သေဆုံးမူ ယနေ့ (စက်တင်ဘာ၂၈) နံနက်(၁၁)နာရီခန့်က ဖြစ်ပွားခဲ့သည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်နှင့် အောင်သပြေရပ်မှ ကျောင်းသားခုနှစ်ဦးသည် ပုဂံတပ်နှင့် ညောင်ကွဲကြားရှိ ညောင်မြစ်တင်အင်းအတွင်း ရေဆင်းကူးရာမှ လေးဦး ရေနစ်ပြီး ညီ၊အကိုနှစ်ဦး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရေနစ်သည့် ကလေးငယ်များကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - အမ်တီ (Mandalay In-depth News).

ရေနစ်သေဆုံးခဲ့သည့် ညီအကိုနှစ်ဦးမှာ အောင်မြေသာစံမြို့နယ် အောင်သပြေရပ်နေ ဖိုးချစ် (၁၄)နှစ်၊ ပဉ္စမတန်းကျောင်းသားနှင့် ကောင်းမင်းခန့် (ခ) ယုန်လေး (၈)နှစ်၊ တတိယတန်းကျောင်းသားတို့ ဖြစ်သည်။

ရေနစ်သည့် ကလေးငယ်များကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - အမ်တီ (Mandalay In-depth News).
ရေနစ်သည့် ကလေးငယ်များကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - အမ်တီ (Mandalay In-depth News).

ယနေ့ နံနက်ပိုင်းက အသက်ရှစ်နှစ်၊ ဆယ်နှစ်၊ (၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကျောင်းသားကလေးငယ် ခုနှစ်ဦးသည် ကျောင်းပိတ်ရက် လည်ပတ်ရာမှအပြန် ရေဆင်းကူးရာမှ လေးဦးရေနစ်ကာ နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်းမှ သတင်းရရှိသည်။

ရေနစ်သည့် ကလေးငယ်များကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - အမ်တီ (Mandalay In-depth News).

အဆိုပါ ကျောင်းသားကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ရေးမှတ်ကာ မန္တလေး ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ရေနစ်သည့် ကလေးငယ်များကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - အမ်တီ (Mandalay In-depth News).
ရေနစ်သည့် ကလေးငယ်များကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - အမ်တီ (Mandalay In-depth News).
ရေနစ်သည့် ကလေးငယ်များကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - အမ်တီ (Mandalay In-depth News).

ရေနစ်သည့် ကလေးငယ်များကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ – အမ်တီ (Mandalay In-depth News).

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်