ဒေါက်တာဇော်မြင့်မောင် အမြန်ကျန်းမာစေရန် ကျောက်ပန်းတောင်းမြို့တွင် ဆုတောင်းပွဲကျင်းပမည်

ကိုနေကို၊ နိုဝင်ဘာ-၁

ဆေးဝါးကုသမှုခံယူနေရသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် ကျောက်ပန်းတောင်းမြို့၌ ယနေ့ ညနေပိုင်းတွင် ဆုတောင်းပွဲ ကျင်းပမည်ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ခံအချို့က Mandalay In-depth News သို့ ပြောသည်။

ဒေါက်တာဇော်မြင့်မောင် ကျန်းမာစေရေး ဆုတောင်းပွဲကို ကျောက်ပန်းတောင်းမြို့ ပျံကျဈေးအရှေ့ဘက်ရှိ ဆုတောင်းပြည့် စေတီကြီးဘုရားတွင် ညနေ(၆)နာရီမှစတင်ကာ လူ(၃၀၀)ခန့်ဖြင့် ကျင်းပမည်ဖြစ်သည်ဟု အမည်မဖော်လိုသည့် ဆုတောင်းပွဲ ဦးဆောင်သူတစ်ဦးက ပြောသည်။

“ဝန်ကြီးချုပ်ကို ကျောက်ပန်းတောင်းမြို့ က ချစ်တယ်”ဟု ဆုတောင်းပွဲကျင်းပရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ၎င်းက Mandalay In-depth News သို့ ပြောသည်။

အောက်တိုဘာလ ၂၃ ရက် မန္တလေးမြို့ တွင်  ကျင်းပခဲ့သော ကျောက်မျက်ရတနာ ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်လာသည့်  မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ Photo - Bhone Nay (Mandalay In-depth News)
အောက်တိုဘာလ ၂၃ ရက် မန္တလေးမြို့ တွင် ကျင်းပခဲ့သော ကျောက်မျက်ရတနာ ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ Photo – Bhone Nay (Mandalay In-depth News)

လက်ရှိ အာဏာရအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌဖြစ်သလို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ်လည်း တာဝန်ယူထားသည့် အသက်(၆၈) နှစ်အရွယ် ဒေါက်တာ ဇော်မြင့်မောင် သည် ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှုခံယူနေရကြောင်း ဒီချုပ်ပါတီ တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာလ ၂၃ ရက် မန္တလေးမြို့ တွင်  ကျင်းပခဲ့သော ကျောက်မျက်ရတနာ ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်လာသည့်  မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ Photo - MGJEA-Mandalay
အောက်တိုဘာလ ၂၃ ရက် မန္တလေးမြို့ တွင် ကျင်းပခဲ့သော ကျောက်မျက်ရတနာ ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ Photo – MGJEA-Mandalay

“ကျန်းမာရေး အတွက် ဘန်ကောက်မှာ ဆေးစစ်နေတယ်”ဟု ဒေါက်တာဇော်မြင့်မောင်၏  ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်း က Mandalay In-depth News သို့ ပြောသည်။ သို့သော် ၎င်းမှာ ကာယကံရှင်မဟုတ်သည့်အတွက် မည်သည့်ရောဂါဖြစ်ပွားသည်ကို မသိရှိဟု ဒေါက်တာစိုးသန်းက ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ပြီးခဲ့သည့်  ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ လွှတ်တာ် ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခံခဲ့ရသူ ဖြစ်သည်။

အောက်တိုဘာလ ၂၃ ရက် မန္တလေးမြို့ တွင်  ကျင်းပခဲ့သော ကျောက်မျက်ရတနာ ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်လာသည့်  မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ Photo - MGJEA-Mandalay
အောက်တိုဘာလ ၂၃ ရက် မန္တလေးမြို့ တွင် ကျင်းပခဲ့သော ကျောက်မျက်ရတနာ ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ Photo – MGJEA-Mandalay

အောက်တိုဘာ(၂၄)ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲသို့ ဒေါက်တာဇော်မြင့်မောင် တက်ရောက်ခဲ့ပြီး နောက်တနေ့တွင် ဆေးဝါးကုသနိုင်ရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒီချုပ်ပါတီ တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားထားသည်။

ဒေါက်တာဇော်မြင့်မောင်အနေဖြင့် မည့်သည့် ကာလ အထိ အနားယူမည်၊ မည်သည့်နေ့ရက်တွင် ပြန်လည် တာဝန်ထမ်းဆောင်မည် စသည်တို့ကိုလည်း အတိအကျ မသိရသေးကြောင်း မန္တလေးတိုင်း ဝန်ကြီး ဒေါက်တာ စိုးသန်း က ဆိုသည်။

အောက်တိုဘာလ ၂၃ ရက် မန္တလေးမြို့ တွင်  ကျင်းပခဲ့သော ကျောက်မျက်ရတနာ ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်လာသည့်  မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ Photo - MGJEA-Mandalay
အောက်တိုဘာလ ၂၃ ရက် မန္တလေးမြို့ တွင် ကျင်းပခဲ့သော ကျောက်မျက်ရတနာ ရောင်းချပွဲအခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ Photo – MGJEA-Mandalay

ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ယာယီဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားသော မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်အား တွေ့ဆုံမေးမြန်းခွင့်ရရန် ကြိုးစားခဲ့သော်လည်း အစည်းအဝေး ပြုလုပ်နေသောကြောင့်ဟုဆိုကာ တွေ့ဆုံဖြေကြားခြင်း မရှိပါ။

ဒေါက်တာ ဇော်မြင့်မောင်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်