မန္တလေး- ပြင်ဦးလွင်ကားလမ်း (၁၆)မိုင်ကွေ့တွင် တွဲကားတစ်စီးတိမ်းမှောက်၊ ၎င်းနေရာတွင် (၆)လအတွင်း (၁၂)ကြိမ် ကားမှောက်

ပါရမီဆန်း၊ အောက်တိုဘာ-၃၀

မန္တလေး-ပြင်ဦးလွင်ကားလမ်း (၁၆)မိုင် ဘုန်းကြီးကျောင်းကွေ့တွင် အောက်တိုဘာ(၂၉)ရက် ညနေပိုင်းက ဘိလပ်မြေအိတ်တင် တွဲကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါသူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ကျောက်ချောကျေးရွာ သုခလွင်လူမူကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo - သုခလွင် လူမူကူညီရေးအသင်း။
မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo – သုခလွင် လူမူကူညီရေးအသင်း။

အဆိုပါ ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ ခေါ် နတ်စင်ကွေ့သည် ယာဉ်တိမ်းမှောက်မှု မကြာခနဖြစ်ပွားနေသော နေရာဖြစ်ပြီး ယခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှု ဆယ်ကြိမ်အထက် ဖြစ်ပွားခဲ့ကာ ယာဉ်အန္တရာယ် လျှော့ကျစေရေး လမ်းပိုင်းပြုပြင်ရန် လိုအပ်နေကြောင်း သုခလွင် လူမူကူညီရေးအသင်း ဥက္ကဌ ဦးတင်ထွန်းဦးက ပြောသည်။

“အဲ့ဒီကွေ့က မကြာခန ဖြစ်နေတာ။ တော်တော်ဆိုးတယ်။ အတင်းကပ်ပြီး ကွေ့ရတော့ အရှိန်မထိန်းနိုင်ဘဲ ဖြစ်ကြတာ။ ကားကြီး၊ကားသေး၊ ထော်လာဂျီ မရွေးဘူး။ မကြာခနမှောက်တယ်”ဟု ဦးတင်ထွန်းဦးက ပြောသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo - သုခလွင် လူမူကူညီရေးအသင်း။
မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo – သုခလွင် လူမူကူညီရေးအသင်း။

လမ်းကွေ့မှာ တဆစ်ချိုးကွေ့ရခြင်းဖြစ်၍ ပြင်ဦးလွင်မှ ဆင်းလာသည့် မော်တော်ယာဉ်များ အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်ခြင်း၊ တဖက်ယာဉ်ကြောမှ အတက်ယာဉ်ကို တိုက်မိကာ တိမ်းမှောက်ခြင်းများ ဖြစ်ပွားနေခြင်းဟု ၎င်းက ဆိုသည်။ လွန်ခဲ့သည့် နှစ်ပိုင်းက အဆိုပါ လမ်းကွေ့တွင် ကရိန်းတင်ဆောင်လာသော ယာဉ်နှင့် တွဲကားတစ်စီး တိုက်မိမူကြောင့် လူငါးဦးသေဆုံးခဲ့ရာ ယာဉ်ဖြစ်စဉ်မှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကြောင်း ဦးတင်ထွန်းဦးက ပြောသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo - သုခလွင် လူမူကူညီရေးအသင်း။
မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo – သုခလွင် လူမူကူညီရေးအသင်း။

အဆိုပါ လမ်းကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မူများကို သုခလွင် လူမူကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့သည့် မှတ်တမ်းအရ ပြီးခဲ့သည့် မေလမှ ယခု အောက်တိုဘာလကုန်ပိုင်းအထိ ယာဉ်တိမ်းမှောက်မှု (၁၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာသူ (၁၈)ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ဆိုသည်။

၂၀၁၈ အောက်တိုဘာလဆန်းက အဆိုပါ လမ်းကွေ့တွင် (၂၂)ဘီးတွဲကားနှင့် လိုက်ထရပ်ယာဉ်တစ်စီး တိုက်မိခဲ့ရာ နှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သုခလွင်လူမူကူညီရေးအသင်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo - သုခလွင် လူမူကူညီရေးအသင်း။
မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo – သုခလွင် လူမူကူညီရေးအသင်း။

“ဒီကွေ့က မကြာခန ကားတွေမှောက်နေတာ တစ်ခုခု လုပ်ပေးဖို့ လိုတဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောပေမယ့် ကုမ္မဏီကရော၊ ဌာနဆိုင်ရာကရော ထိထိမိမိ လုပ်တာတော့ မတွေ့သေးဘူး။ ဟိုတလောကတော့ အဆင်းလမ်းမှာ မြေသားပုခုံးလေးတွေ မြင့်ပေးတယ်။ အဲ့လိုမြင့်လိုက်တော့ ကားမှောက်တာ နဲနဲတော့ သက်သာသွားတယ်။ ဖြစ်နိုင်ရင်တော့ လမ်းမှာ သဲကွင်းလေး လုပ်ပေးစေချင်တယ်။ အဲ့တာဆို ဘရိတ်ပေါက်လို့ဖြစ်စေ အရေးအကြောင်းဆို ယာဉ်အန္တရာယ် သက်သာနိုင်တာပေါ့”ဟု သုခလွင်လူမူကူညီရေးအသင်း ဥက္ကဌ ဦးတင်ထွန်းဦးက ပြောသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo - သုခလွင် လူမူကူညီရေးအသင်း။
မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo – သုခလွင် လူမူကူညီရေးအသင်း။

အဆိုပါ လမ်းကွေ့မှာ ယခင်ကတည်းက ယာဉ်တိုက်မှု မကြာခန ဖြစ်ပွားလေ့ရှိသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း မန္တလေး-ပြင်ဦးလွင်ကားလမ်းကို အဆင့်မြင့်တင် တိုးချဲ့ဖောက်လုပ်ခဲ့ရာ လမ်းကောင်းပြီး အရှိန်မြင့်မောင်းနှင်ကြခြင်းကြောင့် လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မူများ ပိုမိုဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု ကျောက်ချောကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၆မိုင် ဘုန်းကြီးကျောင်းကွေ့ခေါ် နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုများ။ Photo – သုခလွင် လူမူကူညီရေးအသင်း။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်