မန္တလေး-ပြင်ဦးလွင်လမ်းတွင် တွဲကားနှင့် အိမ်စီးကား ချောက်ထဲကျကာ လေးဦးသေဆုံး

မောင်မင်းမော်၊ မတ်- ၂၄

မန္တလေး-ပြင်ဦးလွင် ကားလမ်း မီးသတ်ကွေ့အနီးတွင် တွဲကားတစ်စီးနှင့် အိမ်စီးကားတစ်စီး ချောက်ထဲကျ၍ လူလေးဦး သေဆုံးမှု ယနေ့ မတ်လ ၂၄ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ သတင်းရရှိသည်။

မန္တလေး-ပြင်ဦးလွင် အဆင်းကားလမ်းတွင် ရပ်တန့်ထားသည့် အိမ်စီးကားတစ်စီးကို ကုန်တင်တွဲကားတစ်စီးမှ ဝင်တိုက်မိသဖြင့် ကားနှစ်စီးလုံး ချောက်ထဲကျကာ ကားပေါ်ပါလာသူ လေးဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်ခဲ့သည့် မန္တလေးတိုင်း လူမှုကူညီရေးအဖွဲ့ (RESCUE)မှ တာဝန်ရှိသူက ပြောသည်။

သို့သော် ဖြစ်စဉ်အတိအကျကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

မန္တလေး-ပြင်ဦးလွင်ကားလမ်း မီးသတ်ကွေ့အနီး ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်/ Photo - မန္တလေးတိုင်း လူမူကယ်ဆယ်ရေးအဖွဲ့ (RESCUE).
မန္တလေး-ပြင်ဦးလွင်ကားလမ်း မီးသတ်ကွေ့အနီး ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်/ Photo – မန္တလေးတိုင်း လူမူကယ်ဆယ်ရေးအဖွဲ့ (RESCUE).

သေဆုံးသူများသည် တွဲကားပေါ်မှ အသက် သုံးဆယ်ကျော် အမျိုးသားနှစ်ဦးနှင့် အိမ်စီးကားပေါ်မှ အသက်လေးဆယ်နှင့် ဆယ်နှစ်အရွယ် သားအမိနှစ်ဦး ဖြစ်သည်ဟု ကနဦး သိရှိထားကြောင်း၊ အိမ်စီးကားပေါ်တွင် လူလေးဦး လိုက်ပါလာသော်လည်း နှစ်ဦးမှာ ကားရပ်ထားစဉ် အပြင်ထွက်၍ လေကောင်းလေ သန့်ရှုနေခိုက် ထိုကဲ့သို့ တွဲကားဖြင့် တိုက်မိကာ ချောက်ထဲကျသွားခြင်း ဖြစ်‌ကြောင်း အဆိုပါဖြစ်စဉ်အား သွားရောက်ကူညီနေသည့် အုန်းချောကျေးရွာ စေတနာမွန် လူမှုကူညီရေးအသင်းနှင့် အခြား လူမူကူညီရေးအသင်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် ချောက်ထဲကျသည့် ကားနှစ်စီးကို ပြန်လည်မတင်ရန် ကြိုးစားနေပြီး တွဲကားမှာ အိမ်စီးကားပေါ်သို့ ပိမိနေကြောင်း၊ သေဆုံးသူများကိုမူ သယ်ထုတ်၍ မန္တလေးဆေးရုံကြီးသို့ ပို့ထားးကြောင်း ၎င်းတို့က ဆိုသည်။

မန္တလေး-ပြင်ဦးလွင်ကားလမ်း မီးသတ်ကွေ့အနီး ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်/ Photo - မန္တလေးတိုင်း လူမူကယ်ဆယ်ရေးအဖွဲ့ (RESCUE).
မန္တလေး-ပြင်ဦးလွင်ကားလမ်း မီးသတ်ကွေ့အနီး ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်/ Photo – မန္တလေးတိုင်း လူမူကယ်ဆယ်ရေးအဖွဲ့ (RESCUE).

မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ယာဉ်တိုက်မှုများ မကြာခနဖြစ်ပွားနေပြီး လမ်းတိုးချဲ့ပြုပြင်ထားရာ အရှိန်ပြင်းစွာ မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုများ ပိုမိုဖြစ်ပွားနေကြောင်း ယာဉ်လမ်းပိုင်းတလျှောက် ကျေးရွာမာျးရှိ လူမူကူညိရေးအသင်းအဖွဲ့များက ပြောသည်။

ကျောက်ချောကျေးရွာ သုခလွင် လူမူကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့သည့် မှတ်တမ်းအရ မန္တလေး-ပြင်ဦးလွင်ကားလမ်း (၁၆)မိုင် ဘုန်းကြီးကျောင်းကွေ့ တစ်နေရာတည်းတွင်ပင် ၂၀၁၉ မေလမှ အောက်တိုဘာလကုန်ပိုင်းအထိ (၆)လအတွင်း ယာဉ်တိမ်းမှောက်မှု (၁၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာသူ (၁၈)ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ယင်းအသင်းဥက္ကဌ ဦးတင်ထွန်းဦးက ပြောကြားထားသည်။

မန္တလေး-ပြင်ဦးလွင်ကားလမ်း မီးသတ်ကွေ့အနီး ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်/ Photo - မန္တလေးတိုင်း လူမူကယ်ဆယ်ရေးအဖွဲ့ (RESCUE).
မန္တလေး-ပြင်ဦးလွင်ကားလမ်း မီးသတ်ကွေ့အနီး ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်/ Photo – မန္တလေးတိုင်း လူမူကယ်ဆယ်ရေးအဖွဲ့ (RESCUE).

မန္တလေး-ပြင်ဦးလွင်ကားလမ်း မီးသတ်ကွေ့အနီး ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်/ Photo – မန္တလေးတိုင်း လူမူကယ်ဆယ်ရေးအဖွဲ့ (RESCUE).

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်