မိုးကုတ်ကျောက်မျက်တွင်း တစ်ခုတွင် ကျောက်တူးလုပ်သား(၂၀)ဦး အောက်ဆီဂျင် ပြတ်ကာ ပိတ်မိခဲ့၊

အချိန်မှီ ကယ်ဆယ်နိုင်ခဲ့၍ အသက်သေဆုံးသူမရှိဘဲ (၇)ဦး ဆေးရုံပို့ခဲ့ရ

ကိုနေကို၊ အောက်တိုဘာ-၂

မိုးကုတ်ဒေသရှိ ဘော်ဗဒန်း ကျောက်မျက်တူးဖော်ရေး လုပ်ကွက် အမှတ်(၅) ဧရိယာ အတွင်းရှိ ကျောက်မျက်တွင်းတစ်ခုတွင် ကျောက်တူးလုပ်သား (၂၀)ဦး အောက်ဆီဂျင်ပြတ်ကာ ပိတ်မိမူ အောက်တိုဘာ(၁)ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည်။

.ကျောက်မျက်တွင်းအတွင်း အောက်ဆီဂျင်ပြတ်ကာ ပိတ်မိနေသူများကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - Ko Ko Min, Zaw Myo Thant FB.
Photo – Ko Ko Min, Zaw Myo Thant FB.

အဆိုပါ အောက်ဆီဂျင်ပြတ်လတ်မူ ဖြစ်ပွားခဲ့သည့် ကျောက်မျက်တွင်းမှာ တရားမဝင် တူးဖော်နေသည့် ကျောက်မျက်တွင်းဖြစ်ပြီး ကျောက်မျက်ရှာဖွေသူ တွင်းလုပ်သား(၂၀)ဦး အောက်စီဂျင် ပြတ်လပ်ပြီး ပိတ်မိခဲ့ကာ အချိန်မီကယ်ဆယ်နိုင်ခဲ့၍ အသက်သေဆုံးသူ မရှိခဲ့ဘဲ သတိလစ်မေ့မြောသူ (၇)ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

အောက်ဆီဂျင်ပြတ်လပ်ကာ ကျောက်မျက်တွင်းအတွင်း ပိတ်မိသူများမှာ ဒေသခံ ကျောက်မျက်တူးဖော်သူ အမျိုးသားများဖြစ်ပြီး ဆေးရုံသို့ တင်ပို့ခဲ့ရသူများမှာလည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘဲ လက်ရှိတွင် နှစ်ဦးသာ ဆေးရုံတွင် ကျန်ရှိတော့ကြောင်း မိုးကုတ်ဒေသလုံးဆိုင်ရာ လူမှုကယ်ဆယ်ရေး အသင်း ဥက္ကဌ ဦးအောင်ကျော်မိုး က ပြောသည်။

.ကျောက်မျက်တွင်းအတွင်း အောက်ဆီဂျင်ပြတ်ကာ ပိတ်မိနေသူများကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - Ko Ko Min, Zaw Myo Thant FB.

မိုးကုတ်ဒေသတွင် ယခုကဲ့သို့ ကျောက်မျက်တူးဖော်ရေးတွင်း အတွင်း အောက်ဆီဂျင်ပြတ်တောက်မူ ဖြစ်စဉ်မှာ ဖြစ်တောင့်ဖြစ်ခဲဟု ဒေသခံများက ဆိုသည်။ ထို့အပြင် တွင်းလုပ်သားအချင်းချင်း ရိုင်းပင်ကူညီခြင်းနှင့် အနီးဝန်းကျင်ရှီ ကျောက်မျက်ကုမ္မဏီကြီးများ၏ ကူညီမူကြောင့်သာ အသက်မသေခြင်းဖြစ်ကြောင်း အောက်ဆီဂျင်ပြတ်ကာ ပိတ်မိနေသူများကို ကူညီကယ်ဆယ်ခဲ့သူများက ပြောသည်။

ယခုဖြစ်ရပ်မှာ ကျောက်မျက်တွင်းအတွင်း လုပ်ငန်းလုပ်ဆောင်ရာ၌ အသုံးပြုသည့်  မီးစက်မှ ထွက်ရှိသည့် ဆီငွေ့၊ မီးခိုးငွေ့များ လှောင်ပိတ်ကာ အောက်ဆီဂျင် ပြတ်လပ်ခဲ့ခြင်း ဖြစ်သည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သည့် မိုးကုတ်ဒေသခံ လူမူကူညီရေးအသင်း တာဝန်ရှိသူများက ပြောသည်။

.ကျောက်မျက်တွင်းအတွင်း အောက်ဆီဂျင်ပြတ်ကာ ပိတ်မိနေသူများကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - Ko Ko Min, Zaw Myo Thant FB.

သာမန်အချိန်တွင် မီးစက်မှ ထွက်ရှိသော အခိုးအငွေ့များသည် တွင်းထဲမှ လွင့်စဉ်ပျောက်ကွယ် သွားလေ့ရှိသော်လည်း ယမန်နေ့က မိုးကုတ်ဒေသ၏ ရာသီဥတု၏ နေပူခြင်း၊ မိုးရွာခြင်း အစရှိသည့် အခြေအနေများကြောင့် အခိုးအငွေ့များ အပေါ်သို့ မထွက်ဘဲ ကျောက်တွင်းအတွင်း လှောင်ပိတ်ကာ အောက်စီဂျင် ပြတ်လပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်သည်။

ထိုသို့ အောက်ဆီဂျင် ပြတ်လပ်ခဲ့သဖြင့် ကျောက်တူးလုပ်သားအချို့  နေရာတွင် မူးမေ့လဲကျခဲ့သည်ဟု မိုးကုတ်ဒေသလုံးဆိုင်ရာ လူမှုကယ်ဆယ်ရေး အသင်း ဥက္ကဌ ဦးအောင်ကျော်မိုး က ပြောသည်။

.ကျောက်မျက်တွင်းအတွင်း အောက်ဆီဂျင်ပြတ်ကာ ပိတ်မိနေသူများကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - Ko Ko Min, Zaw Myo Thant FB.

“ပတ္တမြား နဂါး ကျောက်မျက် ကုမ္ပဏီက သူတို့ တွင်းဘက်က ဆင်းခွင့်ပေးပြီး  လူတွေကို အဲဒီဘက်က ကယ်ထုတ်တာ။ အဲဒါကြောင့်လည်း လူတွေ အသေအပျောက် မရှိခဲ့တာပဲ။ ဆင်းရိုး ဆင်းတဲ့ ခိုးဆင်းတဲ့ဘက်ကသာ စောင့်ရမယ် ဆိုရင် သေချာပေါက် အသက်မရှင်နိုင်ဘူး။ တစ်နာရီလောက်သာ နောက်ကျသွားရင် အဆင်မပြေနိုင်ဘူး။ သူတို့ အချင်းချင်း ကူညီရိုင်းပင်းပြီး ကယ်ထုတ်ခဲ့တာ။ ကျွန်တော်တို့က အပေါ်က စောင့်ရုံပဲ။ မိုးကုတ်ဒေသမှာ ဒါမှ လုပ်မစားရင် အဆင်မပြေဘူးလေ” ဟု ၎င်းက ဆိုသည်။

.ကျောက်မျက်တွင်းအတွင်း အောက်ဆီဂျင်ပြတ်ကာ ပိတ်မိနေသူများကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ - Ko Ko Min, Zaw Myo Thant FB.
Photo – Ko Ko Min, Zaw Myo Thant FB.

ကျောက်တွင်းအတွင်း ပိတ်မိသူအများစုမှာ အသက်ရှူကြပ်ခြင်းကဲ့သို့ ဝေဒနာများ ခံစားခဲ့ရပြီး ၎င်းတို့သည် တွင်းအပေါ်သို့ ရောက်ရှိလာချိန်တွင် ဆေးဝါးကုသမှု  ခံယူကာ သက်သာသွားခဲ့သည်ဟု ကူညီကယ်ဆယ်ရာတွင် ပါဝင်သည့် လူမှု ကယ်ဆယ်ရေး အသင်း တာဝန်ရှိသူများက ပြောသည်။

.ကျောက်မျက်တွင်းအတွင်း အောက်ဆီဂျင်ပြတ်ကာ ပိတ်မိနေသူများကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ – Ko Ko Min, Zaw Myo Thant FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်