မန္တလေးဈေးကွက်တွင် နှမ်းဈေးကျ၊ တစ်ပါတ်အတွင်း နှမ်းတစ်အိတ် ကျပ်(၅၀၀၀)ကျော် ဈေးကျဆင်း

နှမ်းစိုက်ခင်းများ ရိတ်သိမ်းပြီးချိန်ဖြစ်သလို ဈေးကွက်အတွင်းသို့ နှမ်းများ အလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ ပဲ၊နှမ်းကုန်သည်များက ပြောသည်။