အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Telenor တာဝန်ရှိသူများ အပြစ်ထင်ရှားပါက ထောင်ဒဏ်အထိ ချမှတ်ခံရနိုင်ဟု JFM ပြော

တယ်လီနောမြန်မာကို အလွှဲအပြောင်းတွင် စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ခြင်းအတွက် အပြစ်ထင်ရှားပါက ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် သုံး နှစ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း JFM ထံမှ သိရသည်

နော်ဝေ၏ မြန်မာနိုင်ငံဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်သည်ဟုဆိုကာ တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီကို ပြီးခဲ့သည့် ၂၀၂၄၊ နှစ်ကုန်ပိုင်းတွင် နော်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ စီမံခန့်ခွဲမှုတာဝန်ရှိသူများ ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရနိုင်သည့်အမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် မြန်မာမှထွက်ခွာသွားသော တယ်လီနောကုမ္ပဏီသည် ထိုစည်းမျဉ်းများကို ချိုးဖောက်သည်ဆိုကာ Justice For Myanmar(JFM) နှင့် ICJ Norway တို့က တိုင်ကြားခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသည့် JFM က ယမန်နေ့ (ဩဂုတ်လ၊ ၂၈ ရက်နေ့) တွင် ထုတ်ပြန်သည်။ 

စစ်တပ်ထိန်းချုပ်မှုအောက်ရောက်သွားသည့် ဆက်သွယ်ရေးဆိုင်ရာ စောင့်ကြည့်ထောက်လှမ်းရေး စက်ပစ္စည်း တည်ဆောက်၊ တပ်ဆင်၊ ထိန်းသိမ်းမှုအပေါ် အကူအညီပေးခြင်း၊ တယ်လီနောမြန်မာကို ဝယ်ယူခဲ့သည့် M1 Group ထံ စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်းသည် နော်ဝေ၏ မြန်မာနိုင်ငံဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်ရာရောက်ကြောင်း တိုင်ကြားခဲ့သည်။

ထို့အပြင် တယ်လီနောကွန်ရက် သုံးစွဲသူများ၏ အန္တရာယ်ကျရောက်လွယ်သည့် အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းလည်း အလားတူချိုးဖောက်မှု တစ်ခုဖြစ်ကြောင်းလည်း JFM က ဆိုသည်။ 

ထိုချိုးဖောက်မှုများကို ထင်ရှားကြောင်း စီရင်ခြင်းခံရပါက နော်ဝေနိုင်ငံဥပဒေအရ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် သုံးနှစ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း JFM ကဆိုသည်။  

တယ်လီနောအနေဖြင့် အသက်အန္တရာယ်ကျရောက်နိုင်သည့် အချက်အလက်မျှပေခြင်း အပြင် အခြားသောချိုးဖောက်မှုများကို ခရေစေ့တွင်းကျ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း JFM ပြောခွင့်ရ မရတနာမောင်က ဆိုသည်။

“တယ်လီနောဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုမှာ တရားမ၀င်အကြမ်းဖက် စစ်အုပ်စုဆီ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိသိကြီးနဲ့ ပေးအပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ လုပ်ရပ်တွေအပါအဝင် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေမှာလည်း ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့လိုပါတယ်” ဟု JFM ပြောခွင့်ရ မရတနာမောင်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် တယ်လီနောမြန်မာကို လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group နှင့် စစ်တပ်နှင့်ဆက်နွယ်သော စီပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုတို့ ပူးပေါင်းထူထောင်ထားသည့် Investcom ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် လွှဲပြောင်းဝယ်ယူခဲ့သည်။

ထိုသို့ရောင်းချရာတွင် သုံးစွဲသူ ၁၈ သန်းကျော်ရှိသည့် တယ်လီနော (မြန်မာ) တစ်ခုလုံးကို M1 အုပ်စုထံ ရောင်းချရာတွင် သုံး လ နှင့် ခြောက် လ အကြားရှိ Mytelenor App, စီးပွားရေးဆိုင်ရာအချက်အလက်များ အပါအဝင် အော်ပရေတာလိုင်စင်တာဝန်အရ တယ်လီနောအသုံးပြုသူများ၏ ဖုန်းမှတ်တမ်းများကိုလည်း လွှဲပြောင်းပေးခဲ့ရသည်။ 

တာဝန်မဲ့စွာ ထွက်ခွာသည်ဟုဆိုကာ တယ်လီနောအုပ်စုကို  မြန်မာအရပ်ဘက်အဖွဲ့အစည်းများက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD ) ထံ တိုင်ကြားမှုများရှိခဲ့သည်။ 

Related Articles

Back to top button