ပြည်နယ်တစ်ခုလုံးရဲ့ ၁၈ရာခိုင်နှုန်းနီးပါးသာ ကျင်းပနိုင်ခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲမှာ ရခိုင်ပါတီတွေ အရေးနိမ့်ပြီး အများစုကို စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ အသာစီးရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃မြို့နယ်မှာသာ ကျင်းပနိုင်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ရခိုင်နိုင်ငံရေးသမားတွေဖြစ်တဲ့ ဒေါက်တာအေးမောင်၊ ဦးဘရှိန်တို့ကိုယ်တိုင်ဝင်ပြိုင်ပေမယ့် ရှုံးနိမ့်ခဲ့ပြီး သူတို့ပါတီက အမတ်လောင်းတချို့ကတော့ နေရာအနည်းစုမှာ နိုင်ခဲ့ပါတယ်။ ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီက လွှတ်တော်အမတ် ၈ယောက်နဲ့ ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားများပါတီက ၆ယောက် အနိုင်ရပါတယ်။
၁၇မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး(၁၄မြို့နယ်)ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်၊ ထိန်းချုပ်ထားပါတယ်။ ဒီလိုအခြေအနေမှာကျင်းပတဲ့ ရွေးကောက်ပွဲကို ရခိုင်လူထုက ဘယ်လောက်စိတ်ဝင်စားမှုရှိသလဲဆိုတာ ဒေသခံတွေကို မေးမြန်းထားပါတယ်။
သတင်း၊ တင်ဆက် – ညီထွေး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



