လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်မှုကြောင့် အဖမ်းခံခဲ့ရပြီး ထောင်ထဲမှာပဲ သေဆုံးသွားခဲ့တဲ့ အမေရိကန် လူကုံထံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့တဲ့ ဂျက်ဖရီ အက်စတိန်း မသေခင်က စုဆောင်းထားခဲ့တဲ့ မှတ်တမ်းတွေထဲက စာမျက်နှာ ၃သန်းကျော်ကို အမေရိကန် တရားရေးဌာန (DOJ) ကနေ ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ရာမှာ အမေရိကန်တင်မကဘဲ ဥရောပကနေ အာရှအထိ ထိပ်တန်းပုဂ္ဂိုလ်တွေအကြောင်း ပါဝင်လာခဲ့လို့ တစ်ကမ္ဘာလုံးက ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေကြားထဲမှာ အတော်လေး ဂယက်ရိုက်သွားစေခဲ့ပါတယ်။
ကမ္ဘာ့ထိပ်တန်း နိုင်ငံရေးသမားတွေ၊ တော်ဝင်မိသားစုဝင်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ ဟောလိဝုဒ်မင်းသားတွေအထိ အလွန်ကျယ်ပြန့်တဲ့ လူမှုဆက်ဆံရေးတွေရှိခဲ့တဲ့ အက်စတိန်းကျူးလွန်ခဲ့တဲ့ အမှုတွေမှာ အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို ငွေကြေးနဲ့ ၊ ပညာရေး ထောက်ပံ့ပေးမယ်ဆိုပြီး လိမ်လည်ဖြားယောင်းပြီးတော့ သူ့ရဲ့ စံအိမ်တွေဆီ ခေါ်ဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေ လုပ်ခဲ့ပါတယ်။
တာဝန်ရှိသူတွေက ဖိုင်အများအပြားကို အခုထိ စစ်ဆေးနေဆဲဖြစ်လို့ အက်စတိန်းရဲ့ ဘယ်လို အရှုပ်တော်ပုံတွေမှာ နောက်ထပ် ဘယ်သူတွေ ထပ်ပါလာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



