အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရခိုင်ရိုးမပေါ်က ချင်းတိုင်းရင်းသားတစ်ယောက်ရဲ့ တစ်နေ့တာ

ရခိုင်နဲ့ မကွေးအစပ် အမ်း-ပဒါန်းလမ်းပေါ်မှာ တည်ရှိတဲ့ ဘုံးဘောကျေးရွာက ဆလိုင်းအောင်အောင် တို့ မိသားစုဟာ စစ်တပ်ရန်ကြောင့် ရွာကိုစွန့်ခွာခဲ့ရပြီး၊ ဈေးမရှိ၊ စာသင်ကျောင်းမရှိ၊ ဆေးရုံဆေးခန်း နတ္ထိနဲ့ တောတောင်တွေထဲမှာ ဆင်းရဲချို့တဲ့စွာ ဖြတ်သန်းနေထိုင်ကြရတာ တစ်နှစ်ကျော် ရှိပါပြီ။ 

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက လူဦးရေ ၃၀၀ကျော်နဲ့ အိမ်ခြေ ၇၀ကျော်ရှိတဲ့ ဘုံးဘောကျေးရွာထဲကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလမှာ စစ်တပ်က ဝင်ရောက်တပ်စွဲခဲ့တာကြောင့် ဆလိုင်းအောင်အောင် တို့ မိသားစုအပါအဝင် ရွာသူ၊ ရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။ 

နောက်တော့ သူတို့ရွာကို စစ်တပ်က မီးရှို့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့ပါတယ်။ ခုဆိုရင် ရွာသူရွာသားအားလုံးဟာ စစ်ဘေးရှောင်ဘဝနဲ့ဖြတ်သန်းရင်း စားဝတ်နေရေးအပါအဝင် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ 

အသက် ၄၀အရွယ် ဆလိုင်းအောင်အောင်ဟာ အရှိုချင်းတိုင်းရင်းသား တစ်ယောက်ဖြစ်ပြီး၊ ဇနီးနဲ့ သားသမီး ၄ယောက် ရှိပါတယ်။ 

နေအိမ်တွေ မရှိတော့သလို သူတို့ရွာရဲ့ အနီးဝန်းကျင်မှာလည်း တိုက်ပွဲတွေဆက်ရှိနေတာကြောင့် နေရပ်ပြန်ဖို့က အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ သားသမီးတွေကို ကျောင်းမထားနိုင်တာကြောင့် ကလေးတွေရဲ့ ပညာရေးအတွက် ဆလိုင်းအောင်အောင် တွေးတောပူပန်နေပါတယ်။ 

သူ့ရဲ့ ဇနီးဖြစ်သူဟာ ရွာမှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အရင်က တောင်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းခဲ့တဲ့ ဆလိုင်းအောင်အောင်ဟာ အရင်က တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ ဟင်းစားရှာတာ အပါအဝင် အသက်ရှင်ရပ်တည်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ တစ်နေ့တာလှုပ်ရှားမှုကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ 

ရိုက်ကူး – ညီထွေး/Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button