အိန္ဒိယအစိုးရက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံနေခြင်းကို ဌာနေတိုင်းရင်းသားများဖြစ်သည့် နာဂဒေသခံများက ဆက်တိုက်ကန့်ကွက်လျက်ရှိသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်အကြား၊ မဏိပူရ်ပြည်နယ်နှင့် တမူးမြို့နယ်အကြား၊ မဏိပူရ်၊ အရန််နာချာပရာဒေ့ရှ်ပြည်နယ်နှင့် နာဂဒေသ၊ ကချင်ပြည်နယ်တို့နှင့် ထိစပ်နေသည့် နယ်စပ်နေရာအချို့တွင် အိန္ဒိယအစိုးရက ခြံစည်းရိုးကာရံနေခြင်း ဖြစ်သည်။
အိန္ဒိယ – မြန်မာနယ်စပ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ပလက်ဝမှ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထိ အရှည် ၁၆၄၃ကီလိုမီတာ(၁၀၂၁မိုင်) ထိစပ်နေသည်။ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်သွားမည်ဟု အိန္ဒိယဘက်က ကြေညာထားပြီး ဖြစ်သည်။
အိန္ဒိယအစိုးရ၏ နယ်စပ်ခြံစည်းရိုးကာရံခြင်းကို မြန်မာစစ်တပ်လက်အောက်ခံ ဒေသအာဏာပိုင်များက စောင့်ကြည့်နိုင်မှု မရှိသလောက်ဖြစ်နေပြီး၊ ဌာနေတိုင်းရင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်မှုများသာ ရှိနေသည်ကို တွေ့ရသည်။
လက်ရှိတွင် နာဂဒေသ၊ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့အနီးတွင် နာဂဒေသခံများ(အထူးသဖြင့် Tangshang Naga)များက ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ကန့်ကွက်ရသည့် အခြေအနေများကို သိရှိနိုင်ရန် နန်းယွန်းမြို့နယ်အခြေစိုက် ညီညွတ်သောတန်ရှန်းနာဂကောင်စီ(UTNC) ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ယောင်းနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



